(PART_12)

7.1K 347 5
                                    

ရောင်စုံစလိုက်မီးများအောက်တွင် လှုပ်လီလှုပ်လဲ့ဖြင့်ကနေသောလူများရှိပြီး ခပ်မြူးမြူး Dj သံက လေထဲတွင်ပျံ့လွင့်နေသည်။လောကစည်းစိမ်ကို ဇိမ်ခံနေကြသူများရှိသလို တစ်နေ့တာပင်ပန်းမှုများကို လာရောက်ဖြေဖျောက်သူများလည်းရှိကြသည်။ထိုလူများထဲတွင်မှ စားပွဲထောင့်တစ်နေရာတွင် ဝီစကီတစ်ခွက်စီကိုကိုင်ကာ ဇိမ်ခံသောက်ရင်း စကားပြောနေတဲ့လူငယ်သုံးယောက်ရှိလေသည်။ထိုလူသုံးယောက်လုံးရဲ့ဥပဓိရုပ်ဟာကြည့်တာနဲ့အသိုင်းဝိုင်းကြီးတစ်ခုကမှန်းသိသာလှသည်။

အာဏာတစ်ယောက်ခါတိုင်းဝတ်နေကြပုံစံမျိုးမဟုတ်ဘဲ တီရှပ်ပေါ်မှာမှ အနက်ရောင် ဂျာကင်ကိုဝ်ဆင်ထားပြီးလက်တွင်လည်းတိုးလို့တွဲလောင်း လက်ပတ်များပတ်ထားသေးသည်။ဂျင်းအနက်ကိုမှဒူးနှင့်ပေါင်နေရာတွင်ဖြဲထားသည်။ဒီလောက်ရှုပ်ရှက်ခတ်နေသောဒီဇိုင်းသည်လည်းထိုလူသားနှင့်ဆိုလျှင် လိုက်ဖက်နေသည်။

ခပ်မြူးမြူး Dj သံရဲ့အောက်တွင် ကုဋေ နဲ့သွေးသုလည်း အာဏာရဲ့အစီအစဉ်များကိုနားထောင်ပေးနေရသည်။ဟိုအစ်ကိုသေးသေးလေးကို တတိယအကြိမ် propose လုပ်မလို့တဲ့။ဒီကောင့်ကိုငြင်းရဲတဲ့သူက ဒီကမ္ဘာမှာရှိသေးတာဘဲလား ဟား။

" အဲ့တော့ မင်းမွေးနေ့ကျရင် အစ်ကိုသေးသေးလေးကိုထပ်ဖွင့်ပြောမယ်ပေါ့"

ကုဋေမေးလိုက်တော့ အာဏာကပါးစပ်ထဲအာလူးကြော်ကောက်ထည့်ရင်းပြန်ဖြေလာသည်။

" အင်း"

" မင်း အဲ့အစ်ကို သိပ်ချစ်တာဘဲလား၊ မင်းရဲ့ဒီလိုပုံစံမျိုးကို ငါတစ်ခါမှမမြင်ဖူးဘူး ၊အမြဲခံစားချက်မဲ့နေသလို အလုပ်တွေဘဲကုန်းရုန်းလုပ်နေတဲ့ကောင်က ချစ်တတ်သေးတာတဲ့လား"

" ငါ ငယ့်ကိုချစ်မိသွားတာလားဆိုတာတော့ ငါလည်းမသေချာဘူး သေချာတာကတော့ငယ်ကြောင့်ငါရယ်မောလာရတယ် ငယ့်အပြုံးတွေမြင်ရင်ငါလည်းပျော်တယ်။ငယ့်အသံကြည်ကြည်လေး ကိုကြားရရင်ငါ့နှလုံးသားတစ်ခုလည်းဗြောင်းဆန်ကုန်တယ်။ငယ်နဲ့ပက်သက်သမျှ အရာတိုင်းကိုမြတ်နိုးတယ်။ဆံချည်မျှင်တစ်မျှင်ကစလို့ ခြေဖမိုးဖြူဖြူလေးအဆုံး ငါကငယ့်ကို ချစ်မြတ်နိုးရတယ်"

အတ္တတို့ခေါ်ဆောင်ရာ အချစ်ရပ်ဝန်းသို့(Complete)(Season-1)Where stories live. Discover now