(PART_22)

5.3K 265 1
                                    

" မေမေရေ မေမေ သားတို့ပြန်ရောက်ပြီ "

" အငယ်လေး မပြေးနဲ့လေကွာ"

" ဟော မေမေ့သားလေးတွေ ကျောင်းကပြန်ရောက်ပြီပေါ့ရှင် "

"ခင့် သားငယ်လေးက သူ့မေမေကို ကြွားစရာရှိလို့တဲ့ဗျာ "

" ကဲဟုတ်ပါပြီရှင် သားအဖတွေ အခုတော့ အိမ်ထဲ ဝင်ကြဦး ပြီးမှပြောပြဟုတ်ပြီလား "

" ဒါဆို သားတို့ အဝတ်အစားသွားလဲလိုက်ဦးမယ်နော် မေမေ "

" ဟုတ်ပြီ စေမိုရ်လေး သားရဲ့ အငယ်လေးကိုလည်းခေါ်သွားလိုက်ဦး"

"ဟုတ်မေမေ အငယ်လေး ကိုကို့ကို လွယ်အိတ်ပေး "
" ဟုတ်ကိုကို "

အငယ်လေးကတော့ စေမိုရ့်ကို လွယ်အိတ်ပေးပြီးတာနဲ့ ချက်ချင်းကို ခုန်ပေါက်ပြီး အိမ်ပေါ်ကိုပြေးတက်သွားတော့တာပါဘဲ။စေမိုရ်လည်း လွယ်အိတ်ကို ပိုက်ပြီး အငယ်လေးနောက်လိုက်ရတော့သည်။

ဒီတစ်ဦးတည်းရှိတဲ့ ညီငယ်လေးကို စေမိုရ်သိပ်ကိုချစ်ရပါသည်။ဒီကလေးအလိုကျ ဘာမဆို စေမိုရ်ဖြည့်ဆည်းပေးချင်ပါတယ်။

_____________________

" အစ်ကို ခင့်ကိုအိတ်ပေး "

" ရွှတ် "

" အစ်ကို့အမောပြေလေး "

" အစ်ကိုကတော့နော် ဟွန့် "

ခင်က သူ့ရဲ့ မူပိုင် မျက်စောင်းလေးဖြင့် သူ့ကို မျက်စောင်းလေးထိုးလိုက်ပြန်သည်။ခင်က ရိုးရိုးယဉ်ယဉ်လေး သနပ်ခါး ပါးကွက်ကြားလေးကိုသာ အမြဲလိမ်းတတ်ပြီး တင်ပါးအောက်ကျော်တဲ့ ပိတုန်းရောင် ဆံနွယ်ရှည်ကြီးတွေကို ထုံးဖွဲ့ထားတတ်သည်။ ရင်ဖုံး ခါးတိုနဲ့ ထဘီကိုသာ ဝတ်ဆင်တတ်တဲ့ လွှမ်းခေတ်သာရဲ့ မဟေသီလေးကတော့ ဘယ်အချိန်ကြည့်ကြည့် အေးအေးချမ်းချမ်းနဲ့ကိုလှနေတော့တာပါဘဲ။

ဦးလွှမ်းခေတ်သာလည်း ရှေ့ကနေ အိမ်ထဲ ပြေးဝင်သွားတဲ့ သူ့ရဲ့ မဟေသီလေးနောက်လိုက်ရတော့သည်။

" အစ်ကို ဒီမှာ သံပုရာလေးသောက်လိုက်ပါဦး "

ဦးလွှမ်းခေတ်သာ ခင် ဖျော်ပေးတဲ့ သံပုရာရည်ခွက်ကို ယူပြီး သောက်လိုက်သည်။

အတ္တတို့ခေါ်ဆောင်ရာ အချစ်ရပ်ဝန်းသို့(Complete)(Season-1)Where stories live. Discover now