(PART_18)

6.4K 299 5
                                    

နံနက်ခင်း နေရောင်ခြည်က ပြတင်းတံခါးကိုဖြတ်လျက် ဒီပါ၏ မျက်နှာနုနုပေါ် ကျရောက်လာတာကြောင့် ဒီပါ အိပ်ရာမှ နိုးလာရသည်။ မျက်လုံးကို ဖြည်းဖြည်းချင်း အသာဖွင့်လိုက်ပြီး လက်အကြောဆန့်လိုက်ကာ မနေ့ညကအကြောင်းအရာများ က ခေါင်းထဲ အစီအရီပေါ်လာရသည်။ဒီပါ ဖုန်းကို ကောက်ယူလိုက်ပြီး မောင့်ဆီ ဖုန်းဆက်ဖို့ ပြင်လိုက်စဉ်

မောင် _ ငယ် Morning ပါဗျ။

မောင် ကုမ္ပဏီသွားပြီနော်။

နိုးလာရင်လည်း မောင့်ကို ဖုန်းဆက်ပါဦး

မောင့်အချစ်ရေ ။ ဆိုပြီး အသည်းပုံ စတစ်ကာလေးတစ်ခုပို့ထားသည်။

ဒီပါ မောင့်မက်ဆေ့ခ်ျ လေးကို ဖတ်ပြီးနောက် မျက်နှာပေါ်တွင် အပြုံးရိပ်လေးတစ်ခုဖြတ်ပြေးသွားသည်။

မောင် မင်းကလေ သိပ်ကလေးဆန်တာဘဲ။

ဒီနေ့ကစပြီး မောင်က ကိုယ့်အပိုင်။

ဒီပါ မောင့်ကို ဖုန်းဆက်လိုက်တော့ မောင်က ချက်ချင်းကိုင်သည်။

" မောင် အလုပ်ရှုပ်နေလား ကိုယ်နိုးပြီ "

" မရှုပ်ပါဘူးငယ် အလုပ်ကိစ္စလေးတစ်ခု ဆွေးနွေးနေတာပါ "

အစည်းအဝေးလုပ်ရင်း ချက်ချင်းကောက်ကိုင်လိုက်တာကိုတော့ မပြောတော့။

" ကိုယ်လည်းခနနေ နွယ်နဲ့အတူ ဆိုင်အတွက် လိုအပ်တာလေးတွေသွားဝယ်ဖို့ shopping mall သွားစရာရှိတယ် မောင်။ နေ့လည်စာကို မောင်ရုံးမှာဘဲ စားမလား။ ကိုယ်လာပို့ရမလား "

" မောင် ငယ်နဲ့အတူတူ စားချင်ပါတယ်။ ငယ်သာအဆင်ပြေမယ်ဆိုရင်ပေါ့ "

" ဒါဆို ကိုယ်လာခဲ့မယ်မောင် "

" မောင်က ငယ့်ကို သိပ်ချစ်တယ် "

" ကိုယ်သိပါတယ် မောင် "

ဒီပါ ဖုန်းကိုချလိုက်ပြီး အိပ်ရာမှထကာ အိပ်ရာခင်းများကိုသိမ်းလိုက်သည်။

ကိုယ်က ချစ်တယ် လို့ ခနခန မပြောလည်း အပြုအမူတွေကတစ်ဆင့် ကိုယ့်အချစ်ကို မင်းမြင်ပါစေ မောင်။

ဒီပါ ရေချိုးပြီးနောက် အခန်းထဲမှ ဗီရိုကို ဖွင့်ကာ အချိန်အတော်ကြာ မွှေနှောက်ပြီးနောက် hoodie မိုးပြာရောင်လေးကို ထုတ်လိုက်ပြီး ဂျင်းပြာရောင် ဘောင်းဘီလေးကိုတွဲဖက်ဝတ်ဆင်လိုက်သည်။ ထို့နောက် လီမွန်နံ့ ရေမွှေးကို နားအနောက်နှင့်လက်ခုံတွင်စွတ်လိုက်သည်။ ဂုတ်ထောက်နေသော အညိုရောင်ဆံနွယ်ခွေလေးများကို တစ်ဝက်ခန့်စုစည်းလိုက်ပြီး မျက်နှာကို suncream တစ်မျိုးလိမ်းလိုက်ပြီးနောက် ဒီပါ့ ပြင်ဆင်မှု ပြီးဆုံးသွား၏။ ဒီပါ အောက်ထပ်ဆင်းကာ နွယ့် အလာကို စောင့်နေလိုက်သည်။

အတ္တတို့ခေါ်ဆောင်ရာ အချစ်ရပ်ဝန်းသို့(Complete)(Season-1)Where stories live. Discover now