အချိန်နာရီတို့ဟာလည်း ပုံမှန်လည်ပတ်နေဆဲ။ရာသီတွေအလီလီပြောင်းလဲသွားလိုက်တာဆိုတာလဲ တစ်ကိုယ်တည်းအထီးကျန်ခဲ့ရတဲ့ နွေရာသီဟာ ငါးခုတိတိလည်ပတ်ခဲ့ပြီ။အချိန်ကာလတွေအားလုံးပြောင်းလဲသွားပေမယ့် မပြောင်းလဲဘဲတည်ရှိနေသည်ကတော့ ထိုလူသားပေါ်ထားရှိတဲ့ မေတ္တာနှင့်မျှော်လင့်ချက်တွေပင်ဖြစ်သည်။
အချိန်တွေဟာ ငါးနှစ်တိတိကြာရှည်ခဲ့ပြီပေါ့။ထိုလူသားပြန်အလာကိုနေ့စဉ်မပျက်စောင့်မျှော်နေတာ ငါးနှစ်တိတိရှိခဲ့ပြီ။အပုန်းကောင်းသူကတော့ သတင်းအစအနတောင်ရှာမရသလို သူ့ထံသို့လည်းပြန်မလာခဲ့ပါ။
"ကိုကြီး!သတင်းထောက်တွေအဆင်သင့်ဖြစ်နေပြီ "
"အင်း လာမယ် သွေးသု "
"ငါ့ကိုကြီးက အသက်သာ၃၀ပြည့်တော့မယ် အခုထိ ချောတုန်းခန့်တုန်းဗျ "
အာဏာcoat အင်္ကျီကြယ်သီးတပ်နေတုန်း သွေးသုက တံခါးဘောင်ကိုမှီကာ လက်ပိုက်ထားရင်းပြုံးစစဖြင့်ပြောလေသည်။
"လာမြှောက်မနေနဲ့ ငါ့ညီ...အလုပ်ကိုစောက်တလွဲလုပ်ရင် ကိုကြီးကလစာဖြတ်မှာဗျ "
"ဟမ့်!သွေးသုသျှားမာန်တဲ့ တစ်မာန်ထဲရှိတယ်။အရင်က သွေးသုကဘဲ လစာဖြတ်မှာကြောက်တာ။အခုများတော့ ကျွန်တော့်ယောက်ျားရှာသမျှ ထိုင်ဖြုန်းရုံဘဲဗျို့ "
ဟုတ်ပါရဲ့။ဒီနည်းလမ်းနဲ့ ဘယ်ခြိမ်းခြောက်လို့ရပါတော့မလဲ။သူ့ယောက်ျားဆရာဝန်ကြီးအားကိုးနဲ့ ချစ်ညီလေးက သူ့ကိုပြန်နှိပ်ကွပ်နေတာ။ကုဋေနဲ့သူ့ညီလေးတောင် လက်ထပ်လိုက်တာ ၃နှစ်ရှိပြီပေါ့။
သူလည်း ငယ်ပြန်အလာကိုမျှော်နေတာဟာ ၅နှစ်ရှိပြီ။ဒယ်ဒီ့ပေါက်စလေးရော ကောင်းကောင်းမွန်မွန်ကြီးပြင်းလာရဲ့လား။
"ထားပါတော့ ကုဋေရော?"
"ကိုကိုက ဂျူတီရှိတယ် "
"သြော် သွားကြရအောင် "
"ဖိုက်တင်း ကိုကြီး "
အာဏာ သွေးသုကို မျက်လုံးမှိတ်ကာခေါင်းကိုအသာညိတ်ပြလိုက်ပြီး ပွဲထဲသို့ဦးတည်သွားလိုက်သည်။
YOU ARE READING
အတ္တတို့ခေါ်ဆောင်ရာ အချစ်ရပ်ဝန်းသို့(Complete)(Season-1)
RomanceSeason (1) BL M-preg အာဏာစက်သျှား×ဒီပါလွှမ်းခေတ် "မောင်က ဒုက္ခခံစားနေရချိန် ကိုယ်ကတော့သုခဘုံမှာစံမြန်းမနေချင်ဘူး မောင်ရယ်။ငရဲလားရင်တောင်အတူလိုက်ခဲ့မယ့်ကောင်မို့ မောင်ကမစိုးရိမ်လည်းဖြစ်တယ်"