(PART_51)

7.5K 291 10
                                    


[Unicode]ပြတင်းတံခါးကိုဖွင့်ကာ လိုက်ကာစကိုတွန်းဖယ်လိုက်လေတော့ နေရောင်ခြည်တန်းက ဆိုဖာပေါ်သို့ကျရောက်လာသည်။ကျေးငှက်ကလေးများ၏ သီဆိုတွန်ကျူးသံက နံနက်ခင်း၏အနှစ်သာရကို ပိုမိုပြည့်စုံစေသည်။

"ပါပါး Kitty လေးတွေ ထကြတော့လေ "

ဒီပါ သားနဲ့သမီး၏ နဖူးလေးတွေကို အသာယာနမ်းလိုက်ပြီးနှိုးလေတော့ ခြေကားယား လက်ကားယားဖြင့်အိပ်နေကြသောကလေးတွေက မျက်လုံးတွေကို အသာယာပွတ်ကာ ညည်းသံလေးတွေပင်ထွက်လာသည်။

"ဟင့် အိပ်ချင်သေးတယ်လို့ ပါပါးရဲ့ "

"အခုမထရင် ကျောင်းသွားဖို့နောက်ကျမယ်လေ နွေလေး ,ရှေးငယ်!သမီးလည်း ထတော့ "

"၅မိနစ် ပါပါး "

ရှေးငယ်က မျက်စိမဖွင့်ဘဲ လက်ငါးချောင်းထောင်ပြကာ နွေ့ကိုဖက်ပြီးပြန်အိပ်နေသည်။ပါးစပ်လေးကိုဟကာအိပ်မောကျနေပါသော ဒီပါ့ရဲ့Kitty လေးတွေဟာလေ တန်ဖိုးမဖြတ်နိုင်တဲ့ သူ့ရဲ့ရတနာလေးတွေပင်။

မောင်က သူ့ဘဝရဲ့ရှင်သန်ရာအကြောင်းပြချက်ဆို Kittyလေးတွေက သူ့ဘဝရဲ့အသက်ဆက်ဆေးဖြစ်သည်။

မထဘူးဆိုမှတော့ ပါပါးက နောက်ဆုံးလက်နက်ထုတ်သုံးရတော့မှာပေါ့။

"သျှားပေါက်လေးတွေ အခုမထရင် ပါပါးက cheese cake မကျွေးဘူးနော် "

ဒီပါ့အသံကို ကြားတာနဲ့ ပွင့်သွားသောမျက်လုံးဝိုင်းဝိုင်းလေးတွေ။လက်သေးသေးလေးတွေဖြင့် မျက်လုံးကိုပွတ်သပ်ပြီးနောက် ငုတ်တုတ်လေးတွေထထိုင်နေကြသည်။

"ပါပါးက သျှားပေါက်လေးတွေလို့ခေါ်ရင် နွေသိပ်သဘောကျတယ် "

"ရှေးငယ်လည်း ပါပါးဆီက သျှားပေါက်လေးလို့အခေါ်ခံရရင် ပျော်တယ် "

"ဘာလို့ဒီနာမ်စားလေးကိုအဲ့လောက်တောင်သဘောကျရတာလဲ "

"ပါပါးပြောဖူးတယ်လေ ရှေးငယ်တို့နာမည်မှာပါတဲ့ သျှားဆိုတာ ဒယ်ဒီ့နာမည်ကနေယူပေးထားတာဆို "

"ဒယ်ဒီနွေတို့နဲ့အတူမရှိလည်း ဒယ်ဒီ့နာမည်လေးကတော့နွေတို့နဲ့အတူရှိနေတာဘဲလေ "

အတ္တတို့ခေါ်ဆောင်ရာ အချစ်ရပ်ဝန်းသို့(Complete)(Season-1)Where stories live. Discover now