(PART _35)

5.2K 214 2
                                    

ဒီဇင်ဘာလရဲ့ ဆောင်းလေအေးက တစ်ချက်တစ်ချက်တိုးဝှေ့လာသည်။ချမ်းစိမ့်စိမ့်အအေးဓာတ်က သာမန်နေ့တွေထက် ပိုကဲနေသလိုပင်။အိမ်မကြီးတံခါးကိုဖွင့်ထားတာကြောင့် အချမ်းဓာတ်ကပိုနေသည်။ဧည့်ခန်းထဲခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း အချမ်းသက်သာရန် သက်သာစေလို့ငှာ လက်နှစ်ဖက်ကို ပွတ်တိုက်ပြီး ပါးပြင်ထက်သို့ ကပ်ထားမိသည်။သို့သော်ငြား အချမ်းဓာတ်ကတော့ လျော့မသွားပါ။

ဒီပါ မောင့်ကိုလှမ်းကြည့်လိုက်တော့ luggage အိတ်ကို ဘေးတွင်ချထားသည်။ ဆွယ်တာလည်ပိတ် လက်ရှည်အမည်းနဲ့ ဘောင်းဘီရှည်ကို တွဲဖက်ဝတ်ဆင်ထားပြီး အပေါ်မှ long coat အနက်ရောင်ကို ထပ်ကာ ဝတ်ထားသေးသည်။ဆက်တီခုံတွင် ကျကျနန ထိုင်နေကာ နားတွင် နားကြပ်တစ်ဖက်တပ်ထားပြီး mac book ကိုကိုင်ကာ အလုပ်ရှုပ်နေသေးသည်။

ဒီ mafia လို ဘာလိုလို ကောင်ကို ဒီပါအထွေအထူး ဘာမှပြောမနေတော့။ဗီရိုတစ်ခုလုံးလည်း အနက်ရောင်ကလွဲပြီး ဘာမှမရှိ။

အနက်ရောင်ကို အဲ့သလောက်ကြိုက်သလားမောင်လို့ မေးတော့ အရောင်တွေရွေးရတာ စိတ်ရှုပ်လို့တဲ့။ကောင်းလေစွ။ အလုပ်နဲ့မျက်နှာကလည်းပျက်တယ်လို့ကို မရှိဘူး။အခုလည်းကြည့် Honeymoon ထွက်ပါတယ်ဆို အစက ချောင်းသာသွားဖို့ စီစဉ်ထားတာ။client က ငွေဆောင်ဘက်ရောက်နေလို့ပါဆိုပြီး ပြန်ချိန်းတော့ Honeymoon ခရီးစဉ်ဟာ ငွေဆောင်ဖြစ်သွားရသည်။

" ငယ် ဘာကြောင့် မောင့်ကို သုန်မှုန်ပြီး ကြည့်နေရတာလဲဗျ "

" မောင် ....မင်းအလုပ်တွေအဲ့လောက်လုပ်နေတာ နောက်အိမ်ထောင်များ ထပ်ပြုမလို့လား ဟမ်"

ငယ်က ခါးလေးကိုထောက်ကာ မျက်မှောင်လေးကြုံ့လျက် ဒေါသထွက်နေတဲ့ပုံလေးလုပ်ထားသည်။ဆွယ်တာပါးလေးတစ်ထည်ကို တစ်ထပ်တည်းသာဝတ်ထားပြီး ချမ်းလို့တုန်နေတာ သူမဟုတ်တဲ့အတိုင်းပါဘဲ။အာဏာ့မျက်စိထဲမှာတော့ ဘဲပေါက်လေးက စိတ်ဆိုးလို့ နှုတ်ခမ်းထော်ထားတဲ့ပုံနဲ့သာ တူတယ်လို့ခံစားမိပါသည်။

" အို ....ဘုရားရှင် !!!ဘယ့်နှယ်ကြောင့် မောင်က နောက်အိမ်ထောင်ထပ်ပြုရမှာလဲ အချစ်ရဲ့ "

အတ္တတို့ခေါ်ဆောင်ရာ အချစ်ရပ်ဝန်းသို့(Complete)(Season-1)Where stories live. Discover now