(PART_16)warning🚨

11.6K 395 6
                                    

လွန်ခဲ့သော ၁၀နှစ်ခန့်က,

ဒီနေ့ နေးတို့ ဆယ်တန်းစာမေးပွဲအောင်စာရင်းထွက်မည်ဖြစ်တာကြောင့် နေးတစ်ယောက် ဂနာမငြိမ်။ဧည့်ခန်းထဲမှာဖုန်းတစ်လုံးကိုင်ပြီး ခေါက်တုံ့ခေါက်ပြန်လျှောက်နေသည်မှာ ဘယ်နှစ်ခေါက်မှန်းမသိတော့။

" နေးရာ ထိုင်စမ်းပါ ငါမင်းကိုကြည့်ပြီးမျက်စိနောက်လာပြီ "

" ဟာ နောင် မင်းကလည်း ငါကစိတ်လှုပ်ရှားနေလို့ပါကွ"

နောင့်ကိုပြောပြီးရေခွက်ထဲမှရေတွေကိုတစ်ကျိုက်တည်းမော့ချပြန်သည်။ရေတွေသောက်နေတာလည်းဘယ်နှစ်ခွက်တောင်ရှိနေပြီလည်းမသိ။

" နောင် ကျောင်းကဘယ်အချိန်ဖုန်းဆက်မှာလဲဟင် "

" ဟင် ဒီနှစ်ကျောင်းကဖုန်းမဆက်ဘူးလေ နေးရဲ့ Board မှာသွားကြည့်ရမှာ "

တကယ်တော့ ကျောင်းက နောင့်ကိုဖုန်းဆက်ပြီးပါပြီ။ နောင်တို့နှစ်ယောက်စလုံးလည်းအောင်ပါသည်။ဒါပေမယ့် သက်သက် ဒီကောင့်ကိုစချင်လို့ ဒီလိုပြောလိုက်တာ။ရှေ့ကတစ်ယောက်က ကြာရင် မျက်နှာမှာသွေးတောင်ရှိတော့မှာမဟုတ်။

" ဟင် ဒါဆို နောက်၃နာရီတောင် စောင့်ရဦးမှာပေါ့ ငါတော့ နောက်၃နာရီထိတောင် နှလုံးခုန်ပါ့ဦးမလားကွာ ကိုင်ကြည့်ပါဦး ငါ့လက်တွေအေးစက်နေတာဘဲ"

နေးကသူ့ရဲ့ အေးစက်နေတဲ့လက်ကို နောင့်ပါးပေါ်လာကပ်သည်။

အားတကယ်ကြီး အေးစက်နေတာပါလား ။

" နေး မင်းကွာ ဖြေခဲ့ပြီးပြီလေ အခုမှဘာမှလုပ်လို့မရသလို ပြန်ပြင်လို့လည်းမရတော့ဘူး စိတ်အေးအေးထားပါ မင်းဖြေနိုင်ခဲ့တာဘဲမလား"

" ဒါတော့ဒါပေါ့ကွ ငါကလျှမ်းတယ်လေ တစ်ခုခုလွဲသွားမှာ ကြောက်လို့ကွ "

" လာခနလာထိုင် ခနနေ ငါတို့သွားကြည့်ကြမယ်"

နေးလည်း နောင့်ဘေးမှာထိုင်ရင်း ရေတွေသာ တစ်ခွက်ပြီးတစ်ခွက် သောက်နေမိသည်။

" အင်း သွားကြတော့မလား ငါ ဆိုင်ကယ် သွားထုတ်လိုက်ဦးမယ်"

" အင်း ငါလက်ရှည်လေးထပ်ဝတ်ပြီးရင်လာမယ် "

အတ္တတို့ခေါ်ဆောင်ရာ အချစ်ရပ်ဝန်းသို့(Complete)(Season-1)Donde viven las historias. Descúbrelo ahora