(PART_44)

5.5K 259 4
                                    

တိတ်ဆိတ်နေသော မနက်ခင်းဝယ် တစ်ကိုယ်တည်းနိုးထလာရသည်က ဟိုးအတိတ်နေ့ရက်များကလို ကြည်နူးစရာမရှိ။နွေးထွေးလုံခြုံလှသော ချစ်ရသူ၏ရင်ခွင်ကျယ်ဟာ အခုများတော့ လစ်လပ်နေခဲ့လေပြီ။မှုန်ရီမှိုင်းပြနေသော နှင်းမြူခိုးများက လေထုတစ်ခွင်ရစ်သီနေပြီး သစ်ရွက်သစ်နုများက နှင်းရည်နှင်းစက်များကို တစ်ဝကြီးသောက်သုံးနေသည်။ပြတင်းတံခါးမှတိုးဝေ့လာသော လေနုအေးကြောင့် အချမ်းဓာတ်က စိပ်လာရသည်။ထိုလေအေးကြောင့်  စောင်ပုံထဲကွေးနေရာမှ ဆက်မနေနိုင်တော့ဘဲ ဒီပါနိုးလာရသည်။

"မောင် ညကပြတင်းပေါက်တံခါးလည်းမပိတ်ပေးထားဘူး ထင်တယ်"

ဆိုဖာပေါ်မှ ခေါင်းအုံးနှင့်စောင်ကတော့ မောင်ညကဒီပါနှင့်အတူ မအိပ်ကြောင်း သက်သေထူနေလေသည်။ညကလည်း မောင်နှင့်စကားများပြီးငိုထားတာကြောင့် မျက်လုံးများမို့အစ်နေပြီး ပန်းရောင်သွေးကြောမျှင်လေးများပင်မြင်နေရသည့် ပါးနှစ်ဖက်ကလည်း ဖောင်းအစ်နေသည်။နှာခေါင်းထိပ်လေးကလည်းရဲလို့ ချယ်ရီသီးနှင့်တောင် တူနေသေးသည်။

ဒီပါအိပ်ယာမှထကာ စောင်တွေခေါက်ဖို့လုပ်ရင်း

"ဟက်ချေး ရွှတ် "

"ဟင်း နှာတွေစေးနေပြန်ပြီ တစ်ညလုံးအအေးမိသွားတော့ ဖျားပြီထင်ပါရဲ့ ရွှတ် "

ရေချိုးခန်းထဲမှ ရေစက်ကျသံကို ဒီပါကြားနေရတာကြောင့် မောင်ရေချိုးနေမှန်းသူသိလိုက်ပါပြီ။ဗီရိုထဲမှ မောင့်အဝတ်အစားတွေကို ကုတင်ပေါ်မှာ နေရာတကျချထားပေးကာ အောက်ထပ်သို့ဆင်းလာလိုက်သည်။သူ့မျက်နှာမြင်ရင် မောင်ဒေါသထွက်နေမှာပေါ့။

ဒီပါအောက်ထပ်ရောက်တော့ ကြီးမေက breakfast စားဖို့မီးဖိုချောင်ထဲ ပြင်ဆင်နေလေသည်။

"ရွှတ်"

"ဘာတွေ လုပ်နေတာလဲကြီးမေ "

ဒီပါ ကြီးမေကိုနောက်မှသိုင်းဖက်ကာ ပါးကို အသံမြည်အောင် နှာခေါင်းနဲ့ဖိကပ်နမ်းလိုက်လေတော့ ကြီးမေက သူ့ကို ပြုံးလျက်လှမ်းကြည့်လာသည်။ကြီးမေပါးက   သနပ်ခါးရနံ့ဟာ မေမေ့ကို သတိရစေတယ်။ကြီးမေကလည်း ဒီပါ့ကို သားတစ်ယောက်လိုချစ်တာပါဘဲ။

အတ္တတို့ခေါ်ဆောင်ရာ အချစ်ရပ်ဝန်းသို့(Complete)(Season-1)Where stories live. Discover now