(PART_41)

4.9K 244 1
                                    

ကြီးကျယ်ခမ်းနားလှသော မင်္ဂလာပွဲကြီးသည် ဧည့်ပွဲလာပရိတ်သတ်များဖြင့် ပြည့်နှက်နေသည်။နှစ်ဖက်မိဘများ၏ ဂုဏ်ယူဖွယ်အပြုံးကလည်း ထိုအခမ်းအနားတွင် ဝေဆာနေသည်။ရယ်ပြုံးနေသောသတို့သား၏ဘေးတွင် အေးစက်စက်မျက်နှာထားနဲ့ အပြုံးအရယ်မရှိသူက ဒီနေ့ပွဲ၏ သတို့သမီး။သူမ၏မျက်ဝန်းလဲ့လဲ့ထဲတွင် အရည်ကြည်များ ရစ်သိုင်းနေပြီး တစ်စုံတစ်ယောက်ကို အားကိုးတကြီး မျှော်လင့်နေသည့် အရိပ်ယောင်သမ်းနေသည်။

ကလျာ မမကို နောက်ဆုံးအနေနဲ့ တစ်ခါလောက်တော့တွေ့ချင်သေးတယ်။မမသာ လာခေါ်မယ်ဆို ကလျာ ဒီမင်္ဂလာပွဲကိုဖျက်သိမ်းပြီး အားလုံးနဲ့ဝေးရာနေရာသစ်တစ်ခုမှာအခြေချမယ်။မျှော်လင့်ချက်လက်ကျန်လေးနဲ့ မမများ ရောက်လာလေမလားလို့ ကလျာလိုက်ရှာမိသည်။

တွေ့ပါပြီ။အနီရဲရဲ မြန်မာဝမ်းဆက်နဲ့ ဆံပင်ကိုထုံးထားကာ နှင်းဆီအနီရဲရဲတစ်ပွင့်ကို ပန်ဆင်ထားသော မမသည် သန်မာလှတဲ့ အမျိုးသမီးတစ်ယောက်အသွင်ဆောင်နေသည်။စားပွဲခုံထောင့်ဝိုင်းကနေ လှမ်းပြုံးပြနေသူက ကလျာ့နှလုံးသားကို ရစ်ပတ်ထားတဲ့ နွယ်ကြိုးလေး။နာကျင်ရတယ်။ဒီအပြုံးတွေဟာ ကိုယ်မပိုင်ရတော့ဘူးဆိုတဲ့အသိကြောင့် နာကျင်ရတယ်။ကလျာ့ဘက်ကို နည်းနည်းလေးတောင် မတွေးဘဲ အတ္တကြီးလွန်းတဲ့မမကို ကလျာသိပ်မုန်းချင်တယ်။

နောက်ဆုံးအနေနဲ့တော့ ကလျာ မမနဲ့စကားပြောရမှဖြစ်ပါလိမ့်မယ်။ကလျာ ကိုခန့်ညားကို ခွင့်တောင်းပြီး ခန်းမအပြင်သို့ ပြေးထွက်သွားတဲ့ မမနောက် လိုက်သွားမိသည်။ခန်းမထဲက လူတွေရဲ့ အကြည့်တွေကိုလည်း ကလျာဂရုမစိုက်မိသလို ကလျာ့ကို လှမ်းခေါ်နေတဲ့ ဖေဖေနဲ့မေမေ့ရဲ့ အသံတွေကိုလည်း အာရုံမထားနိုင်တော့ပေ။ကလျာသိတာ မမ။ မျက်ရည်တွေနဲ့ပြေးထွက်သွားရတဲ့ သူမ အကြောင်းရင်းကိုသာ သူသိချင်ပါတယ်။

"မမ"

လေထဲမှတစ်ဆင့်ပျံ့ လွင့်လာသော ထိုအသံကို မြစ်ဖျားခံကာ နှလုံးသားထဲ၌ စူးနင့်စွာနာကျင်မှုကို ခံစားရသည်။ရှေ့သို့လှမ်းရန်ပြင်နေသော ခြေလှမ်းများဟာ ရုတ်ချည်းဆိုသလို တုံ့ဆိုင်းကုန်ရသည်။တော်ပါတော့။အပြုံးတွေနဲ့ ဟန်ဆောင်နေရတာ နွယ်ဖြင့်ပင်ပန်းလှပါပြီ။

အတ္တတို့ခေါ်ဆောင်ရာ အချစ်ရပ်ဝန်းသို့(Complete)(Season-1)Where stories live. Discover now