(PART_30)

5.5K 248 2
                                    

ဒီပါအိပ်ယာကနိုးတော့ ဘေးကိုလက်ဖြင့်စမ်းကြည့်လိုက်ရာ ဗလာသက်သက်ဖြစ်နေသောနေရာလွတ်ကိုသာ တွေ့ရသည်။မောင်က ဘယ်အချိန်ထဲက ဘယ်လို ထသွားမှန်းတောင် မသိလိုက်ပါ။ဒီပါလည်း ပွဲချိန်က နီးနေပြီမို့ အိပ်နေရာမှ ကုန်းထလိုက်ပြီး ရေချိုးခန်းအတွင်းသို့ ဝင်ကာ ရေချိုးသန့်စင်ခြင်းအမှုကို ပြုရသည်။

ဒီပါရေချိုးပြီးတော့ မာမီတို့က ဒီပါ့ပါးပြင်ထက်ဝယ် မိတ်ကပ်မှုန်များပြင်ဆင်ခြယ်သပေးလေသည်။ဝင်းမွတ်ကာကြည်လင်နေသော ဒီပါ့မျက်နှာလေးမှာ မိတ်ကပ်အကူအညီကြောင့် ပြောင်တင်းပြီးရှင်းသန့်နေတော့သည်။ဆံနွယ်ညိုကောက်ကောက်လေးများကို သပ်မတင်တော့ဘဲ ချထားသည်မို့ နဖူးထက်ဝယ် ဆံနွယ်ကောက်လေး တစ်စ နှစ်စက ဝေ့ဝဲကျနေတော့သည်။ ဒီပါသူ့ကိုယ်သူ ကိုယ်လုံးပေါ်မှန်ထဲဝယ် ခြုံငုံကြည့်လိုက်သည်။

အင်း ကြည့်တော့ကြည့်ကောင်းနေပါပြီ။

ကိုကိုက ဒီပါ့ကို အနောက်ကဆိုဖာတွင်ခြေချိတ်ထိုင်ကာ ဒီပါ့ကို ပြုံးကြည့်နေသည်။ဒီပါကိုကို့ကို ပြန်ကြည့်လိုက်ပြီး

" ကိုကို "

"ပြော အငယ်လေး "

" မောင်ရောဟင် ....ကျွန်တော်နိုးကတည်းက မတွေ့ဘူး "

" အာဏာက ရေချိုးပြီး မိတ်ကပ်ပြင်ပြီးကတည်းက သွေးသုလာခေါ်သွားတယ် ...ပွဲအတွက် ပြင်ဆင်စရာရှိတာပြင်မို့ရယ် ...နောက်တစ်ခုက သွားကြည့်စရာနေရာ တစ်ခုလည်းရှိသေးလို့တဲ့ "

" အွန်း"

အမှန်ဆို ပွဲစီစဉ်တာမျိုးက နှစ်ယောက်အတူလုပ်သင့်တာပါ။ပွဲတစ်လျှောက်လုံးလည်း မောင်ကသာ ဒိုင်ခံလုပ်သွားတာ ဒီပါကတော့ လိုချင်တဲ့ပုံစံကိုသာ လေလေးတစ်ချက်ကုန်ရုံပါဘဲ။မောင်က အားလုံးဖြစ်အောင်စီစဉ်ပေးပြီးသား။မောင်တစ်ယောက်ထဲစီစဉ်နေရတာမို့ တော်တော်လေးတော့ ပင်ပန်းနေမှာပါ။

" ကိုကို ကျွန်တော့ကို အင်္ကျီလေး ကူဝတ်ပေးပါဦး "

ကိုကို့ရဲ့ အကူအညီဖြင့် ဒီပါရဲ့ အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်လိုက်သည်။အဖြူရောင်စွတ်စွတ်ဝတ်စုံဟာ ဒီပါ့ခန္ဓာကိုယ်ထက် ချပ်ရပ်စွာ နေရာယူလေတော့ ကိုကိုက မမှိတ်မသုန် စိုက်ကြည့်နေသည်။

အတ္တတို့ခေါ်ဆောင်ရာ အချစ်ရပ်ဝန်းသို့(Complete)(Season-1)Where stories live. Discover now