(PART_ 34)

4.9K 232 1
                                    


At SHARR company ,

ဒီနေ့က ရုံးနောက်ဆုံးရက်ဆိုတော့ အလုပ်လေးတွေလက်စသတ်ရင်း ဝန်ထမ်းတွေအတွက်လည်း နှစ်ကုန် bonus လေးပေးဖို့ စီစဉ်ထားတာပင်။အာဏာစာရင်းအားလုံးစစ်ပြီးတော့ သူ၏ လက်ထဲမှ Rolex နာရီ၏ လက်တံအတိုဟာ နံပါတ် ၄သို့ရောက်လုနီးနီး ဖြစ်နေသည်။

အာဏာ ထိုင်ခုံပေါ်မှာလွှားထားတဲ့ ကုတ်အင်္ကျီကို ယူဝတ်လိုက်ပြီး ရုံးခန်းထဲမှ ထွက်လာလိုက်သည်။

" အားလုံးဘဲ အာရုံစိုက်ပေးကြပါ "

အာဏာ့စကားကြောင့် ဝန်ထမ်းအားလုံးငြိမ်သွားပြီး အသံလာရာဘက်သို့ အာရုံစိုက်နေကြသည်။

" ဒီစာအိတ်တွေက ပြောရမယ်ဆိုရင် နှစ်ကုန် bonus ပေါ့ ....နှစ်သစ်မှာစိတ်သစ် လူသစ်နဲ့ပြန်တွေ့ကြမယ်နော် ...ပိတ်ရက်မှာပျော်ရွှင်ပါစေ "

" boss လည်း နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့ ပျော်ရွှင်ပါစေ "

" ဟုတ်ပါပြီဗျာ ..."

ဝန်ထမ်းအားလုံးကတော့ သူတို့ boss လူစားလဲခံလိုက်ရတာဖြစ်မယ်လို့ ထင်နေကြတော့သည်။စကားတောင် လေးလုံးပြည့်အောင်မပြောဘဲ အမြဲတည်နေတတ်တဲ့ သူတို့ boss က ပြုံးနေတာဟာ သာမန်ကိစ္စတော့ မဖြစ်တန်ရာ။နည်းနည်းလေးမှားတာနဲ့ လစာဖြတ်တတ်သူကြီးက နှစ်ကုန် bonus တဲ့လေ။

ဘုရားသိကြားမလို့ စ်တ်ပြောင်းပြီး bonus တွေပြန်မတောင်းပါစေနဲ့။

" မသဇင် ကျွန်တော့် စာအိတ်ရောဗျ "

သွေးသု ဝန်ထမ်းတွေကို ပေးတဲ့စာအိတ်ကို တန်းစီစောင့်နေရင်း စာအိတိတွေသာ ကုန်သွားတယ် ။သွေးသုအလှည့်က ရောက်မလာပါဘူး။

" အယ် ဟုတ်ပါရဲ့ သွေးသုရယ် ...အစ်မကိုပေးတဲ့အိတ်က အကုန်ဘဲ ...သွေးသုနာမည်ပါမလာဘူး ...boss ကို သွားမေးကြည့်ပါလား "

" ဟုတ်"

boss က ဘာလို့ သွေးသုကို bonus မပေးရတာပါလဲ။ဒီနှစ်တွေထဲမှာ boss အလုပ်မှန်သမျှ သွေးသုတစ်ယောက်ထဲသိမ်းကြုံးလုပ်ခဲ့တာမဟုတ်လား။ဒီလိုကြီးတော့ မတရားမလုပ်သင့်ဘူးလေ ။

" ဒေါက် ဒေါက် "

"သြော် သွေးသု ...ကိစ္စရှိလို့လား "

အတ္တတို့ခေါ်ဆောင်ရာ အချစ်ရပ်ဝန်းသို့(Complete)(Season-1)Where stories live. Discover now