(PART_49)

7.2K 304 14
                                    

ငယ်က ပြန်ပေးဆွဲခံရတဲ့နေ့ကစလို့ ဘာစကားတစ်ခွန်းမှမပြောတော့သလို အခန်းထဲမှလည်းထွက်မလာဘဲ တံခါးကိုလော့ချထားလေသည်။အာဏာတောင်းပန်ပေမယ့်လည်း သူ့ကိုစကားတောင်ပြန်မပြောတော့ပေ။ငယ့်မှာကိုယ်ဝန်ရှိနေသည်ကိုလည်း ကုဋေပြောမှသာသိရလေသည်။

သူဒီအကြောင်းတွေမသိတာ ငယ့်အပြစ်တော့လည်းမဟုတ်ပေ။ငယ်ကသူ့ကို အကြိမ်ကြိမ်ဖွင့်ပြောဖို့ကြိုးစားခဲ့သေးတာဘဲ။သူကသာ ငယ့်ကိုစကားကြမ်းကြမ်းတွေနဲ့ အနိုင်ယူပြောခဲ့မိတာ။

ဘယ်တော့မှ ကျွန်တော့်လုပ်ရပ်တွေအတွက် နောင်တမရဘူးလို့ ပြောခဲ့တဲ့သူဟာ အခုတော့သေလောက်အောင် နောင်တရပြီးမွန်းကြပ်နေရပါပြီ။ငယ်စိတ်ဆိုးမပြေမချင်း သူရအောင်တောင်းပန်မှာပါ။

"အစ်ကို အိမ်လာလည်တာလား"

အာဏာဧည့်ခန်းထဲမှာထိုင်ကာ laptop တစ်လုံးဖြင့်အလုပ်လုပ်နေရင်း ခြံထဲသို့ဝင်လာသောကားသံကြားလိုက်တာကြောင့် ခေါင်းမော့ကာကြည့်မိသည်။အစ်ကိုနေးက လက်ထဲမှာဖိုင်တွဲတစ်ခုကိုင်ထားပြီး အိမ်ထဲသို့ဝင်လာသည်။

"အငယ်လေးခေါ်ထားလို့ အာဏာ "

"အာ! ဟုတ်လား။ကျွန်တော့်ကိုတော့ စိတ်ဆိုးနေတယ်ထင်ပါရဲ့။တစ်ပတ်တောင်ရှိပြီ စကားမပြောတာ"

အာဏာ့အသံဟာ တိုးညှင်းလို့ အပြုံးမမည်တဲ့ခပ်ဖျော့ဖျော့အပြုံးဖြင့်ပြုံးမိသည်။

"အငယ်လေး ခံစားခဲ့ရ၊ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်တွေက စိတ်သက်သာစရာတွေမှမဟုတ်ဘဲ အာဏာ "

"အင်း ဟုတ်ပါတယ်လေ။အရာအားလုံးဟာ ကျွန်တော့်ရဲ့အမှားတွေပါ အစ်ကို "

"ကိုကို! ရောက်ပြီလားဟင် ။ကျွန်တော်မှာတာရောပါလား "

"ပါတယ်အငယ်လေး ,ဒီမှာ "

ငယ်က အပြာနုရောင် over size တီရှပ်လေးကိုဝတ်ထားပြီး အပြာရင့်ရောင်မျှော့ကြိုးပါတဲ့ ဘောင်းဘီခပ်ပွပွကိုဝတ်ထားသည်။ငယ့်မျက်နှာမှာ ဟိုးအရင်တစ်ချိန်ကလို သူမြင်နေကျအပြုံးတို့ရှိမနေတော့။မို့အစ်နီရဲနေတဲ့ မျက်လုံးတစ်စုံနှင့် ချယ်ရီသီးအလားနီရဲနေတဲ့နှာဖျားလေးက နေရာယူနေသည်။

အတ္တတို့ခေါ်ဆောင်ရာ အချစ်ရပ်ဝန်းသို့(Complete)(Season-1)Where stories live. Discover now