(PART _ 2 )

15.3K 685 4
                                    


စံအိမ်သို့သွားရာ လမ်းတစ်လျှောက်လမ်းမပေါ်တွင် ကားများ ရှုပ်ရှက်ခတ်နေသည်။ ကားအတွင်းမှာတော့ အပ်ကျသံပင် မကြားလောက်အောင် တိတ်ဆိတ်လွန်းလှသည်။အာဏာစက်သျှား၏ မျက်ဝန်းများသည် တစ်ခုခုကို ဖျက်ဆီးပစ်နေချင်သည့် အငွေ့အသက်များဖြင့် ပြည့်နေလေသည်။

အချိန်တစ်ခုကြာပြီးသည့်နောက် သူ၏နောက်ဆုံးပေါ် BMW အနက်ရောင်ကားလေးသည် သျှားရိပ်မြုံဟူသော နန်းတော်တမျှ ခမ်းနားလှသည့် စံအိမ်တော်ကြီးအတွင်းသို့ ဝင်ရောက်မောင်းနှင်သွားတော့သည်။

စံအိမ်တော်ကြီးအတွင်းမှ အသက် ၅၀ ကျော်အရွယ် ဝဝဖိုင့်ဖိုင့် အမျိုးသမီးကြီးတစ်ဦးထွက်လာပြီး...

" သခင်လေး ရောက်လာပြီလား။သခင်ကြီးက အကြောင်းကြားထားလို့ ကြီးမေမြတို့ကစောင့်နေတာ"

" ဟုတ်ကဲ့ကြီးမေမြ... ကျွန်တော်အဝတ်အစားလဲပြီး ပြန်ဆင်းလာပါ့မယ်။ အလုပ်သမားတွေစုထားပေးပါဦး "

အာဏာ ကြီးမေမြကိုပြောကာအပေါ်ထပ်ရှိ သူ့ အခန်းအတွင်းသို့ဝင်လာလိုက်သည်။မနေတာ ၁ဝ နှစ်ကျော်မျှကြာနေပြီဖြစ်သော်လည်း  ကြီးမေမြက နေ့တိုင်းအခန်းသန့်ရှင်းရေးလုပ်ပေးထားပုံပါဘဲ။လွန်ခဲ့တဲ့ ၁ဝ နှစ်တုန်းက သူနေစဉ်အခါကလိုပင် လုံးဝမပြောင်းလဲချေ။ အခန်းပတ်ပတ်လည်ကို အမည်းရောင်ဆေးခြယ်ထားပြီး King size မွေ့ရာဘေးတွင်စာကြည့်စားပွဲတစ်လုံးထားထားလေသည်။ထိုစားပွဲဘေးတွင်တော့ စာအုပ်စင်လေးတစ်ခုရှိလေသည်။အာဏာ အဝတ်အစားများချွတ်ကာ ရေချိုးခန်းအတွင်းသို့ဦးတည်လိုက်သည်။

အိမ်အောက်တွင်အလုပ်သမားများအားလုံး စုံလင်နေကြပြီဖြစ်သည်။ T_ shirt လက်ရှည် နှင့် style pant အနက်ရောင်ကိုဝတ်ဆင်ထားကာ လက်တွင် Rolex နာရီကို ပတ်နေလျက်အောက်ထပ်သို့အာဏာဆင်းလာလိုက်သည်။

အလုပ်သမားများအားလုံးသည် သူတို့၏သခင်လေးကို မျက်နှာသေဖြင့်ငေးနေကြသည်။ဒီလို ရိုးရိုးရှင်းရှင်းအပြင်အဆင်ကတောင် သူတို့သခင်လေး၏ ခန့်ညားမှုကို လျော့ကျမသွားဘဲ ပိုပြီးဆွဲဆောင်နေသလိုပင်။သွေးကြောစိမ်းများရှက်ဖြာနေသောလက်များသည် ပန်းချီကားတစ်ချပ်သဖွယ်။သူတို့အားလုံးအတွေးလွန်နေကြရင်း သခင်လေး၏ အသံကြားမှသာ အသိပြန်ကပ်ကြသည်။

အတ္တတို့ခေါ်ဆောင်ရာ အချစ်ရပ်ဝန်းသို့(Complete)(Season-1)Where stories live. Discover now