(PART_55)(Final)

18.7K 411 29
                                    

၃နှစ်ခန့်ကြာပြီးနောက် ,

လေပြည်အဝှေ့မှာ သင်းပျံ့ လာသော ညမွှေးပန်း၏ရနံ့ကို နှစ်ခြိုက်စွာ ရှူရှိုက်ရင်း ကောင်းကင်ယံသို့ မော့ကြည့်မိသည်။ထိန်ထိန်သာနေသော လမင်းကြီးသည် အေးချမ်းဖွယ်တည်ရှိနေသည်။မှောင်ရီပျိုးစအချိန်ဖြစ်တာကြောင့် ကောင်းကင်တွင် ကြယ်တစ်ချို့လည်းရှိနေသည်။မှိတ်တုတ်မှိတ်တုတ်လင်းလက်နေတဲ့ ကြယ်ပွင့်များကိုရေတွက်ရသည်က စိတ်ကြည်နူးစရာ။သို့ပေသိ ကြယ်လေးတွေထက်လင်းလက်နေတဲ့ ချစ်ရသူရဲ့မျက်နှာကိုငေးရင်း ကြယ်တွေရေတွက်ရတာကတော့ ဖော်ညွှန်းမရတဲ့နိဗ္ဗာန်ဘုံပေါ့။

ခွန်သလ္လာနောင် ကြယ်တွေကိုငေးနေရင်း သူ့မျက်လွှာနှစ်ဖက်ဟာ လက်တစ်စုံကြောင့်အမှောင်ကျသွားရသည်။နီးကပ်နေတဲ့ သီးစုံကိုယ်သင်းရနံ့ကို ရှူရှိုက်ကာ သူ့နှုတ်ခမ်းထောင့်စွန်းတို့ဟာ ကွေးညွှတ်သွားရသည်။

ဒီရနံ့ကို သူကမေ့မတဲ့လား။

"မောင်!လွှတ်ကွာ"

"ဟက်! နောင်လေးက မောင်မှန်းသိတယ်တဲ့လား "

"ဒီအိမ်မှာ သားရယ် ငါတို့နှစ်ယောက်ရယ်ဘဲရှိတာလေ။ခင်ဗျားမဟုတ်တော့ သားကငါ့ကိုစမလားကွ "

"ဟားဟား!မောင်အရှုံးပေးပါတယ်ကွာ "

သွားတန်းဖွေးဖွေးလေးတွေပေါ်သည်အထိ အားရပါးရအော်ရယ်နေတဲ့ စေမိုရ့်ကို သူငေးကြည့်နေမိသည်။

ဒီအပြုံးတွေကိုလေ သူအမြဲငေးကြည့်ခဲ့ရတာ။သူအမြဲမြင်ချင်ခဲ့ရတာ။ဒီလူသားကိုပိုင်ဆိုင်ဖို့ စိတ်တောင်မကူးရဲခဲ့ဘူး။ဒီလူသား သူ့အနားမှာရှိနေခဲ့တာ ၃နှစ်တောင်ရှိနေပေမယ့် သူအခုထိ မယုံနိုင်သေး။

"မောင်!"

"ဗျာ"

သံရှည်ဆွဲကာထူးလိုက်သောအသံဟာ သူမြတ်နိုးရာအစိတ်အပိုင်းငယ်။

"မောင်လို့ခေါ်ခွင့်ရတာဟာ ဒီလိုအသက်ရှူမှားလောက်အောင် ရင်ခုန်ဖို့ကောင်းမှန်း ငါအခုမှသိတာခင်ဗျားရဲ့ "

"မောင့်နောင်က အဲ့လောက်တောင်လား .."

"မောင့်ကို မြတ်နိုးကြောင်းတွေပြောရရင်ဖြင့် တစ်ထောင့်တစ်ညပုံပြင်တွေထက် ပိုရှည်သွားမယ်ထင်ပါရဲ့ "

အတ္တတို့ခေါ်ဆောင်ရာ အချစ်ရပ်ဝန်းသို့(Complete)(Season-1)Tempat cerita menjadi hidup. Temukan sekarang