(PART_26)

5.1K 258 0
                                    

" မောင့်! မင်းဘယ်လိုဖြစ်နေလဲကွာ ဆိုင်မှာလူတွေရှိတယ်လေ"

" ငယ်ကလည်း ရှိရှိပေါ့  မောင်က ဘယ်သူ့ဂရုစိုက်ရမှာလဲ "

" မဆိုးစမ်းနဲ့ မောင်ရယ် ...လူတွေက ကိုယ်တို့ ဆင်ဆင်ခြင်ခြင်နေရင်တောင် အပြောလွတ်တာမဟုတ်ဘူး "

မောင်ဟာလေ တကယ့်ကို အဆိုးလေးပါ။ဒီပါ ကိတ်မုန့်ဖုတ်နေတဲ့ဆီကို ရောက်လာပြီး ဒီပါ့ခါးကို အနောက်ကနေ သိုင်းဖက်ကာ သူ့နှာခေါင်းချွန်ချွန်နဲ့ နမ်းလိုက် ပါးနဲ့ပွတ်လိုက်နဲ့ နှောင့်ယှက်နေတာပါ။

" ငယ်က မောင့်တစ်ယောက်ထဲကိုဘဲကြည့်ပြီး မောင့်အတွက်ဘဲ ရှင်သန်ပေးပါလား ....ကျန်တာတွေကို မောင်က ဖြေရှင်းပါ့မယ် "

" ခက်တယ် မောင်ရယ် ...ကိုယ်က မောင့်တစ်ယောက်ထဲအတွက် ရှင်သန်နေတဲ့သူပါ...ပတ်ဝန်းကျင်ဆိုတာ ဂရုမစိုက်လို့ရတဲ့အရာလည်း မဟုတ်ဘူးလေ ...ကိုယ်က မောင့်သိက္ခာကျမှာ စိုးရိမ်လို့ပါကွာ "

" ဟင့်အင်း...မောင်ကတော့ ရှင်သန်နေရတဲ့ ဘဝအပိုင်းအခြားလေးမှာ ငယ့်စိတ်နဲ့ဘဲ အသက်ဆက်ရှင်မယ် ...ငယ့်ကြောင့် ရယ်မယ် ...ငယ့်ကြောင့်ဘဲ ငိုမယ် ...  နောက်ဆုံးငယ့်ကို ချစ်ရင်းဘဲ ဘဝကို အဆုံးသတ်မယ် "

"...."

"ဘဝဟာ သုညကစလို့ အဆုံးသတ်ဘယ်ဆီဘဲရောက်ရောက် မောင့် နှလုံးသားကတော့  ငယ်နဲ့စလို့ အဆုံးသတ်ဟာလည်း ငယ့်အချစ်တွေနဲ့သာ အဆုံးသတ်တယ် "

" အကယ်၍များပေါ့ ကံကြမ္မာကကျီစယ်လို့ မောင်နဲ့ကိုယ် ဝေးခဲ့ကြရင်တောင် ကိုယ်က မောင့်အပေါ် အချစ်မပျက်ဘူးဆိုတာ ယုံထားပေးပါ"

" ယုံပါတယ် မောင့်အချစ်ရယ် ....ကံကြမ္မာဟာ ဘယ်လောက်ဘဲကျီစယ်ပါစေ...အဆုံးသတ်မှာ မောင်တို့မေတ္တာကသာ အနိုင်ရမှာပါ"

မောင့်ကို ဒီပါ အပြုံးမည်ရုံလေး ပြုံးပြပြီးခေါင်းငြိမ့်လိုက်သည်။

ကိုယ်လည်း ယုံပါတယ်မောင်။ကိုယ်တို့ဟာလွယ်လွယ်ချစ်ခဲ့ကြတာမှမဟုတ်ဘဲ။

" မောင် အပြင်သွားစရာရှိတယ်ဆို....နွယ်တို့ပြန်လာရင်သွားကြတာပေါ့ ...အရှေ့မှာ သွားစောင့်ပေးပါလား "

အတ္တတို့ခေါ်ဆောင်ရာ အချစ်ရပ်ဝန်းသို့(Complete)(Season-1)Where stories live. Discover now