(PART_ 19)

5.9K 304 5
                                    

ဒီပါ မောင်ပေးတဲ့လိပ်စာအတိုင်း မောင့်ကုမ္ပဏီရှိရာသို့  Taxi ငှားလာလိုက်သည်။SHARR Company ဟူသောအဆောက်အဦးရှေ့ခြေချလိုက်သည်နှင့် ဒီပါမြင်သက်သွားရသည်။

မောင်က ကုမ္ပဏီပိုင်ရှင်တစ်ယောက်ဆိုတာသိပေမယ့် ဒီလောက်ထိကြီးမားလိမ့်မယ်လို့ ဒီပါမထင်ထားမိရိုးအမှန်ပါ။အဆုံးစွန်ပြောရရင် မောင် ဘာလုပ်ငန်း လုပ်မှန်းတောင် ဒီပါမသိ။ဒီပါချစ်တာမောင်....အာဏာစက်သျှားဆိုတဲ့ဖြစ်တည်မှုကို ဒီပါချစ်တာ....မောင့်စည်းစိမ်တွေလည်း ဒီပါမမက်သလို ဂုဏ်ဒြပ်တွေလည်း ဒီပါမသိပါ...မောင်က အညတရ ကောင်လေးဆိုရင်တောင် မောင့်ဖြစ်တည်မှုလေးကို ဒီပါ မြတ်နိုးမိနေဦးမှာပါ။ လူတွေ ဒီပါ့ကို ပုတ်ခတ်ကြတာလည်း မမှားပါဘူး...မောင့်လို အရာရာ ပြီးပြည့်စုံနေတဲ့လူမျိုးနဲ့ လိုက်ဖက်တဲ့ အမျိုးသမီးတွေဟာ ရိုက်သတ်လို့ပင်ကုန်မည်မဟုတ်...ပြီးတော့ ဒီပါက ယောက်ျားတစ်ယောက် လူအမြင်မှာတွဲသွားဖို့မသင့်တော်တဲ့ ယောက်ျားတစ်ယောက်....

မောင်... မင်းနဲ့ ကိုယ်နဲ့က အလှမ်းဝေးလွန်းလှပေမယ့် ကိုယ်က မင်းနဲ့ပက်သက်ရင် ကျရှုံးပြီးသား သေလူပါ မောင်...

ကိုယ်က မင်းမရှိလို့မဖြစ်ဘူး မောင်....

ဒီပါ အတွေးတွေကို ခနရပ်ကာ ကုမ္ပဏီထဲသို့ ဝင်သွားလိုက်ပြီး Reception တွင် မေးလိုက်သည်။

" ညီမ ... မောင်... ဟို ဒီကုမ္ပဏီရဲ့ CEO နဲ့ တွေ့ချင်လို့ပါ "

" ရှင် appointment ကြိုယူထားလားရှင့် "

" ဟို မယူထားပါဘူး အစ်ကိုက သူ့ဆီလာတာပါ ဒီပါလွှမ်းခေတ် လို့ပြောပေးပါ ညီမ "

" appointment မယူထားရင် ဘယ်သူဖြစ်ဖြစ်  တွေ့လို့မရပါဘူးရှင် လုံခြုံရေး ခေါ်ပြီးဆွဲမထုတ်ခင်ပြန်ပါတော့ "

ဒီပါလည်း ပြောမရတဲ့အဆုံး ခေါင်းငိုက်စိုက်ကာ ပြန်ထွက်မည် အလုပ်

"အာ့"

" ဟင် အစ်ကို ဘာဖြစ်သွားသေးလဲ"

"အာ သွေးသု အစ်ကို ဘာမှမဖြစ်ပါဘူး "

" အစ်ကိုက ကုမ္ပဏီကို လာလည်တာလား Boss နဲ့ရောတွေ့ပြီးပြီလား "

" အစ်ကိုက မောင့်ကို ထမင်းချိုင့်လာပို့တာပါ မောင်က အစ်ကိုနဲ့ ထမင်း စားချင်တယ်ဆိုလို့ "

အတ္တတို့ခေါ်ဆောင်ရာ အချစ်ရပ်ဝန်းသို့(Complete)(Season-1)Where stories live. Discover now