အာဏာနှင့်ငယ် အခု shopping mall သို့ရောက်နေခြင်းဖြစ်သည်။ ငယ်က အဖြူရောင် hoddie အပွ ကို jean pant နဲ့တွဲဝတ်ဆင်ထားတာကြောင့် လူငယ်ဆန်နေသည်။ အာဏာ့ထက်အကြီးလို့ပြောရင်ယုံကြမည်မဟုတ် ။ဒီ shopping mall က အာဏာပိုင်တဲ့ လုပ်ငန်းထဲက တစ်ခုဘဲဖြစ်သည်။
" ငယ် "
" အွန်"
" မောင်တို့ အင်္ကျီ အရင်ရွေးကြရအောင် "
အာဏာ့ငယ့်အား အနောက်တိုင်းဝတ်စုံများ ရောင်းသည့် ဆိုင်ခန်းအတွင်းသို့ခေါ်သွားလိုက်သည်။ဒီက ဒီဇိုင်းအကုန်လုံးက limited နဲ့ထုတ်တာဖြစ်ပြီး အီတလီကဒီဇိုင်နာကိုယ်တိုင် ဒီဇိုင်းဆွဲပေးထားခြင်းဖြစ်သည်။
" ငယ် "
"မောင့်ကိုကူရွေးပေးပါဦး "
အာဏာလက်ထဲမှ နက်ပြာရောင် suit နဲ့ အနက်ရောင် suit အား ကိုင်ကာ မေးလိုက်ခြင်းဖြစ်သည်။
" မင်းအရောင်တွေကလည်း မှောင်မိုက်နေတာဘဲ အမြင်လည်းမရှိဘူး "
" ဟို မောင်က ငယ်ငယ်ထဲက အနက်ဘဲဝတ်တာများလို့ပါ "
" အဲ့ဒါကြောင့်ဖြစ်မှာ မင်းကြည့်လိုက်ရင် မာဖီးယားလိုလို ဘာလိုလိုနဲ့ "
ဟင် ပျိုမဒီတွေ ဝိုင်းဝိုင်းလည်နေတဲ့ အာဏာစက်သျှားလိုလူကို သူ့အရှေ့ကအကောင်ပေါက်က မာဖီးယားနဲ့တူတယ်လို့ပြောလိုက်တာလား။
ငယ် မင်းလေးကတော့လေ ။
" အနက်ရောင်ကအင်အားကြီးတယ်ငယ် အနက်ရောင်ကိုဘယ်အရာကမှလာလွှမ်းမိုးလို့မရဘူး "
" မင်းဝတ်စုံကြီးပြန်ထားလိုက်စမ်းပါကွာ ကိုယ်ရွေးပေးမယ်"
" ဒါလေးဆိုရင်ရော "
ငယ်က အာဏာ့ရင်ဘတ်လောက်ဘဲရှိတာကြောင့် ခြေဖျားလေးထောက်ရင်း suit ကိုတစ်စုံပြီးတစ်စုံကပ်ကြည့်နေသည်။
" အင်းမင်းက အသားဖွေးတော့ နီညိုရောင်လေးနဲ့လိုက်တယ် ဒါဘဲယူလိုက်တော့ "
" ငယ် ဟို ဒါက အရောင်အရမ်းမတောက်ဘူးလားဟင် "
" မတောက်ပါဘူး လိုက်ပါတယ် မင်းလိုမျက်စိမွဲနေတဲ့သူကတော့ ဘယ်အမြင်ရှိပါ့မလဲ "
YOU ARE READING
အတ္တတို့ခေါ်ဆောင်ရာ အချစ်ရပ်ဝန်းသို့(Complete)(Season-1)
RomanceSeason (1) BL M-preg အာဏာစက်သျှား×ဒီပါလွှမ်းခေတ် "မောင်က ဒုက္ခခံစားနေရချိန် ကိုယ်ကတော့သုခဘုံမှာစံမြန်းမနေချင်ဘူး မောင်ရယ်။ငရဲလားရင်တောင်အတူလိုက်ခဲ့မယ့်ကောင်မို့ မောင်ကမစိုးရိမ်လည်းဖြစ်တယ်"