(PART _ 6)

9K 429 20
                                    

"ငယ်"

" အင်"

"ငယ့်အသက်ကဘယ်လောက်လဲဟင် "

အာဏာကားမောင်းနေရင်းငယ့်အားမေးလိုက်ခြင်းဖြစ်သည်။

" 25"

" wow တကယ် 25   မထင်ရဘူးနော် မောင်ကအဲ့လောက်ရှိမယ်တောင်မထင်ဘူး ငယ်က နုလိုက်တာ "

" ဟက် ဘာဝယ်ကျွေးရမလဲပြော"

" ဟား ငယ်ရာ မောင်ကအတည်ပြောတာပါ ငယ်က ဖြူုဖြူသေးသေးလေးဆိုတော့ အစကဆိုမောင့်ထက်ငယ်တယ်တောင်ထင်နေတာ"

" အင်းဒီလိုဘဲပြောကြပါတယ် "

"  မင်းအသက်ကရော"

"  မောင့်အသက်က ငယ်လေ "

အာဏာပြောလိုက်တော့  ငယ့်မျက်နှာလေးဟာ ခရမ်းချဉ်သီးလေးလိုပင်ရဲတွတ်သွားသည်။

ဟက် ငယ်က ရှက်သွားတာလား။ မောင့် အရှက်သည်းလေး။

" မင်း ငါ့ကို မစနဲ့ "

တကယ်ပါ ခုနက လူဆိုးကောင်ပြောလိုက်တဲ့စကားကြောင့် ဒီပါနှလုံးခုန်တောင်ရပ်သွားသလားတောင်ထင်မိသည်။

လူဆိုးလေးရေ မင်းက ငါ့ကိုတကယ်ချစ်နေတာတဲ့လား ။

" မစဘူးငယ် မောင်တကယ်ပြောနေတာ  မောင်ငယ့်ကိုမြတ်နိုးတယ်"

" ဟင်"

" ငယ် မောင့်ကိုစိတ်ဆိုးသွားသလား ဒါပေမယ့်မောင်တကယ်ပြောနေတာပါ။ဒါပေမယ့်ငယ် ။ မောင်ကလေ ငယ့်ကို ငယ့်ရဲ့ ရုပ်ရည်ကြောင့်ချစ်တာမျိုးမဟုတ်ပါဘဲ ငယ်ရဲ့ အညိုရောင်ဆံနွယ်ခွေလေးတွေကစလို့ ဖြူသွယ်သွယ် လက်ချောင်းလေးတွေအဆုံး မောင်က သိပ်ကို မြတ်နိုးရကြောင်း ယုံစေချင်စမ်းပါရဲ့ မောင့် အချစ်ရယ် "

ယုံချင်တယ်မောင်။ ငါယုံချင်တယ် ။တစ်ခါတလေ ငါကယောက်ျားတစ်ယောက်ဆိုတာကိုပါမေ့ပြီး မောင့်ဆီမှာအလုံးစုံနစ်ဝင်ပစ်ချင်တယ်။

ငါ့ရင်ခုန်သံတွေကိုငါလည်းမညာချင်ပါဘူးမောင်ရယ်။

မောင်က ပင်မြင့်က သဇင်ဆို
ငါက နွံထဲ" ကြာ "ပါမောင်။
ဘယ်လိုသတ္တိနဲ့များ ငါကမောင့်ကို ဆွဲချရက်ပါ့မလဲ။အညွန့်တလူလူတက်နေတဲ့ပန်းလေးကို ငါကမနင်းချေရက်ပါဘူးမောင်ရယ် ။

အတ္တတို့ခေါ်ဆောင်ရာ အချစ်ရပ်ဝန်းသို့(Complete)(Season-1)Où les histoires vivent. Découvrez maintenant