(PART_39)

4.5K 208 0
                                    

ညနေခင်း နေဝင်စပျိုးချိန်တွင် မိုးကောင်းကင်တစ်ခွင်၌ မှိုင်းညှို့အုံ့ဆိုင်းနေသည်။မိုးဦးရာသီ၏ ပြယုဂ်တစ်ခုဖြစ်သော ဖားလေးများ၏ မိုးကြိုနေသံမှာလည်း လေထုတစ်ခွင် ညံစီနေသည်။မကြာမီအချိန်ခဏလေးအတွင်း၌ မိုးများက တဖွဲဖွဲရွာကျလာသည်။လေထဲပျံ့ လွင့်လာသော စံပယ်ရုံ၏မွှေးရနံ့က ထုံသင်းကြိုင်လှိုင်လျက်ရှိသည်။

ပြတင်းတံခါးမှတစ်ဆင့် တဖွဲဖွဲကျနေသော မိုးစက်မိုးပြောက်များကို ကြည့်ရသည်မှာလည်း လွမ်းမောဖွယ်ကောင်းလှသည်။ကော်ဖီပူပူတစ်ခွက်ကို တမြည့်မြည့်သောက်ရင်း စာအုပ်ဖတ်ကာ စီးမြောရသည်မှာလည်း သဘောကျစရာအတိ။အချိန်စက်ဝန်းဟာ ရွေ့လျားလာရင်း ရာသီနှစ်ခုကို ကျော်လွန်လာခဲ့ပြီဖြစ်သည်။

ဒီပါ အခန်းထဲကပြတင်းပေါက်နားမှာထိုင်နေရင်း ကော်ဖီတစ်ခွက်ကိုသောက်ကာ မိုးရာသီ၏အလှအပကို ဆွေးမြေ့စွာ ခံစားနေမိသည်။ထိုအချိန်တွင် ဒီပါ့မျက်ဝန်းတွေဟာ ခြံထဲမှဥယျာဉ်ထဲတွင် ပေါက်တူးတစ်လက်ဖြင့် မြေများကို တူးဆွနေသော ကောင်လေးဆီ၌သာ ကျရောက်လို့နေသည်။အင်္ကျီလက်ပြတ်ကိုဝတ်ထားတာကြောင့် သန်မာလှတဲ့ ကြွက်သားဆိုင်များကထင်းနေသည်။ဝင်းဝါနေတဲ့ အသားရေထက်မှာ မိုးစက်များကတွဲလဲခိုနေသည်။ထိုကောင်လေးကိုယ်တိုင်ပျိုးထားတဲ့ စံပယ်ရုံတွေဟာ ဥယျာဉ်ထဲ၌ အစွမ်းကုန်ပွင့်လန်းနေကြပြီး သင်းပျံ့ မွှေးကြိုင်လျက်ရှိသည်။ပန်းတွေကိုမချစ်တတ်တဲ့ ထိုကောင်လေးက ဘာကြောင့်များ ပန်းပင်တွေကိုတယုတယ စိုက်ပျိုးနေရတာပါလဲ။သေချာတာပေါ့။ဒါဟာ သူ့သက်ဆိုင်သူ နှစ်ခြိုက်တဲ့အရာဖြစ်လို့ သူကိုယ်တိုင် အမြတ်တနိုးစိုက်ပျိုးနေခြင်းပါဘဲ။

" မောင်ကတော့လေ မိုးရွာနေတာကို ပန်းပင်တွေပျိုးနေပြန်ပြီထင်ပါရဲ့ "

ဖတ်လက်စစာအုပ်လေးကို အသာပိတ်ကာ စာကြည့်မျက်မှန်လေးကို ချွတ်လိုက်ရင်း စားပွဲပေါ်မှထလိုက်သည်။ထို့နောက် အခန်းထောင့်တွင်ချိတ်ထားသော ခရမ်းရောင်ထီးလေးတစ်လက်ကိုယူကာ အောက်ထပ်သို့ဆင်းလာလိုက်သည်။ဧည့်ခန်းထဲတွင် စီးပွားရေးဂျာနယ်တစ်စောင်ကို ထိုင်ကာဖတ်နေသည့် လူကြီးမှာ သေချာပေါက် မောင့်ဒယ်ဒီပါဘဲ။

အတ္တတို့ခေါ်ဆောင်ရာ အချစ်ရပ်ဝန်းသို့(Complete)(Season-1)Where stories live. Discover now