(PART_46)

6.1K 262 4
                                    

"ခင်ဗျားလင်ကြီး ကျုပ်တစ်ယောက်လုံးရှိသေးတာကို ခင်ဗျားကဖောက်ပြန်ချင်နေတာလား ဒီပါ ဟမ်!"

"မောင့်! မင်းစကားတွေလွန်လာပြီ "

ပြောရက်လိုက်တာမောင်ရယ်။မင်းမို့လို့ မင်းမို့လို့ ပြောရက်လိုက်တာကွာ။

"ကျုပ်မျက်စိနဲ့တပ်အပ်မြင်တာကို ခင်ဗျားကဗြောင်ငြင်းချင်တာလား "

"ကိုယ်ပြောပြီးပြီလေ မင်းထင်သလိုမဟုတ်ဘူးလို့ မောင်ရဲ့!ကိုယ့်စကားကို ယုံပေးစမ်းပါ တစ်ခါလောက် ယုံပေးစမ်းပါလို့ "

မောင့်ရဲ့စွပ်စွဲချက်တွေကို ဆက်လက်ရှင်းပြနိုင်စွမ်းမရှိတော့ဘဲ စိတ်နှလုံးညှိုးနွမ်းကာ မြေပြင်ပေါ်ဒူးထောက်ရက်ပြုတ်ကျရတော့သည်။

မင်းရဲ့စွပ်စွဲချက်တွေက ပြင်းထန်လိုက်တာ မောင်။

တစ်ကြိမ်တစ်ခါလေးလောက်တော့ ကိုယ့်ကိုယုံပေးသင့်ပါတယ် မောင်ရယ်။

"ခင်ဗျားကလေ သိပ်ရွံဖို့ကောင်းတယ် ဒီပါ "

ခြေချော်ကျလို့ လှမ်းဖမ်းပေးရုံပါလို့ ငါအကြိမ်ကြိမ်ရှင်းပြခဲ့တယ်လေ မောင်ရယ်။မင်းမှမယုံဘဲ။ကိုယ်ကရွံ့ဖို့ကောင်းတယ်တဲ့လား။

"အိမ်ထောင်တစ်ခုဟာ ယုံကြည်မှု ၊ နားလည်မှု ၊  လေးစားမှုတွေနဲ့ တည်ဆောက်ထားရတာမောင်။ကိုယ်တို့နှစ်ယောက်ကြားမှာ ဒါတွေမရှိတော့မှတော့ ရှေ့ဆက်ဖို့မဖြစ်နိုင်တော့ဘူး "

"ဘာလဲ ခင်ဗျားလင်ငယ်နဲ့အတူနေချင်တိုင်း ကျုပ်ကိုတရားလာချမနေနဲ့။ခင်ဗျားကလေ တကယ်ရွံဖို့ကောင်းတဲ့လူ ထွီ! "

"သိပ်တော်တယ် မောင်!ကိုယ့်သိက္ခာတွေကို ဟိုးအောက်ဆုံးအထိဆွဲချတဲ့နေရာမှာ မင်းသိပ်တော်တယ် "

"ခင်ဗျားမှာရော ဘာသိက္ခာရှိလို့လဲ ဒီပါရဲ့ "

မင်းသိပ်ကို လွန်လာပြီမောင်။ငါ့သိက္ခာတွေကို စော်ကားတာ ရပ်တန်းကရပ်သင့်ပြီ။

"ကွာရှင်းပေး!"

အချိန်အတန်ကြာ စဉ်းစားပြီးနောက် ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာချလိုက်သည်။

အတ္တတို့ခေါ်ဆောင်ရာ အချစ်ရပ်ဝန်းသို့(Complete)(Season-1)Where stories live. Discover now