(PART_53)

7.2K 280 25
                                    

မောင်က Kittyလေးတွေရဲ့ ကျောင်းကိုပါ တရားစွဲမည်လုပ်နေတာကြောင့် ဒီပါမနည်းတားလိုက်ရသည်။ဘယ်အရာကိုမှအရှည်တွေ ဖြစ်မနေချင်တော့။သူ့ကလေးတွေကို သိမ်ငယ်စရာ ဒဏ်ရာတွေပေးတဲ့နေရာမှာလည်း တစ်စက္ကန့်လေးတောင်သူမထားချင်။ဒါဟာသူမှားလို့အလျော့ပေးတာမျိုးမဟုတ်။ကလေးတွေက ဘယ်လောက်တောင် စိတ်ဒဏ်ရာရသွားလဲမသိ ကိုယ်တွေကျစ်ကျစ်ပူကာ နွမ်းလျနေတော့သည်။ဖျားတော့လည်းနှစ်ယောက်လုံးကပြိုင်တူ။တအီအီနဲ့ငိုနေတာကြောင့် တစ်လှည့်စီချီရင်း ချော့နေရသည်။

"ပါပါး "

"ပြောလေ နွေလေးရဲ့"

"ဟင့် ဒယ်ဒီ့ကို လွမ်း "

"ကျွတ်စ် ကျွတ်စ် တိတ်တော့နော် ပါပါးမနက်ကျ ဒယ်ဒီ့ကိုခေါ်ပေးမယ် ဟုတ်ပြီလား "

"ဟင့် ခု ..ခုလို့ "

"မိုးချုပ်နေပြီ နွေလေးရယ်...ဒေဝေါကြီးလာလိမ့်မယ်နော် "

ဒီပါ နွေလေးကိုချီကာ အခန်းထဲခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ရင်း တင်ပါးလေးပုတ်ကာ ချော့သိပ်မိသည်။ရှေးငယ်ကလည်း နေလို့မကောင်းလို့ထင်ပါရဲ့၊လူးလိမ့်ကာ ငိုနေသည်။ကိုကိုကလည်း မြန်မာပြည်ပြန်သွားပြီ ဖြစ်တာကြောင့် အိမ်မှာသူတစ်ယောက်ထဲသာရှိသည်။ကလေးနှစ်ယောက်ကြား ဗျာများရင်း သူအော်ငိုချင်လာသည်။ထိုအချိန်တွင် လေထုထဲသို့တစ်ဆင့် ပြန့်လွင့်လာသံက...

🎶မပြေလည်နိုင်အောင် သူကကြံရွယ်တယ်
ရင်မှာချစ်အားလေး ညှိုးငယ်ရပါတယ်
ပြေလည်အောင် ဖြေရှင်းပါမယ်လေ
အယူခံဒီစကားလေး ပြောပြတော့မယ်

အကြင်နာဆုံး မောင့်ရဲ့အချစ်ဆုံးရေ
နေပါဦးမုန်းလိုက်တော့မှာလားလေကွယ်
ကြင်နာတဲ့သူလေးရှောင်ပြေးလေတော့
မောင်တစ်ယောက်တည်း ခုတော့ကြေကွဲပြီ🎶

အိမ်အောက်က အုတ်ခုံလေးရဲ့အောက်မှာ ဂစ်တာကိုင်ကာတီးခတ်နေသောအမျိုးသားဟာ သူတစ်ယောက်တည်းသာပိုင်ဆိုင်တဲ့အမျိုးသားတဲ့လေ။

ဝရန်တာအကွယ်လေးကနေချောင်းကာ အုတ်ခုံပေါ်တွင်ထိုင်ကာ သီချင်းဆိုနေပါသော မောင့်ကိုချောင်းကြည့်မိသည်။ကလေးနှစ်ယောက်လုံးက သီချင်းသံစကြားကတည်းက အငိုရပ်ကာ သေချာနားထောင်နေကြသည်။

အတ္တတို့ခေါ်ဆောင်ရာ အချစ်ရပ်ဝန်းသို့(Complete)(Season-1)Where stories live. Discover now