(PART_ 21)

5.8K 282 1
                                    

Flash back,

အစိုးရဆေးရုံ တစ်ခု၏ operation ခန်းတစ်ခုအရှေ့တွင်ဖြစ်သည်။

လူတစ်ယောက်ဟာ ၂နှစ်သားအရွယ် ကလေးတစ်ယောက်ကို ချီထားကာ ပါးစပ်မှလည်း တစ်စုံတစ်ရာကို ရေရွတ်နေပုံပေါ်သည်။ ခွဲခန်းရှေ့ ခေါက်တုံ့ ခေါက်ပြန်လျှောက်နေသည်မှာ  အချိန်အတော်ကြာပြီဖြစ်ပြီးခနကြာတော့  ခွဲခန်းထဲမှ ဆရာဝန်နဲ့ သူနာပြုများထွက်လာသည်။

" ဒေါက်တာ ကျွန်တော့်မိန်းမ အခြေအနေရော သူရော ကျန်းမာရဲ့လား "

" ဖြေးဖြေးမေးပါ ဦးလွှမ်းခေတ်သာရယ် ခင်ဗျား မိန်းမ ကျန်းမာပါတယ်ဗျာ။ဂုဏ်ယူပါတယ် ဦးလွှမ်းခေတ်သာ.... သားယောက်ျားလေး မွေးပါတယ်.. ၆ပေါင်နဲ့ ၅အောင်စရှိပါတယ်... ..."

" ဒါဆို ကျွန်တော့မိန်းမကို သွားကြည့်လို့ရပြီပေါ့နော် "

" လောလိုက်တာဗျာ ခင်ဗျား မိန်းမက ဆေးအရှိန်နဲ့မို့ သတိမရသေးဘူး ...ခနနေရင် ဝင်တွေ့လို့ရပါပြီ ...ကျွန်တော့်ကိုခွင့်ပြုပါဦး "

ဦးလွှမ်းခေတ်သာတစ်ယောက်  ရင်ထဲမှာပြောမပြတတ်လောက်အောင် ပီတိ ဂွမ်းဆီ ထိနေတော့သည်။ သူ့ရဲ့ အဖိုးတန် ချစ်ဇနီးလေးက သားရတနာလေး တစ်ပါး ထပ်ပြီးလက်ဆောင်ပေးလိုက်ပြန်ပြီလေ...

" သားကြီး စေမိုရ် ...မေမေက သားအတွက် ညီလေးတစ်ယောက် မွေးပေးလိုက်ပြီကွ "

"ရုံး ရုံးယေးယား ... တားရဲ့ငယ်ယေး ...ခစ်ခစ် "

" ဟုတ်ပါ့ဗျာ ...သားရဲ့အငယ်လေး ခနနေ ဖေဖေတို့ လုံးလုံးလေးနဲ့ မေမေကို သွားကြည့်ကြမယ်နော် "

" ယေးးး... ရုံးရုံး ယေးရှီတွားမယ် "

ဦးလွှမ်းခေတ်သာလည်း သားကြီးကို ချီကာ ချစ်ဇနီးလေးနဲ့ သားငယ်လေးဆီ သွားလိုက်သည်။အခန်းထဲရောက်တော့ ခင် က ကုတင်ပေါ်မှာ လှဲနေပြီး  သားငယ်လေးက ပုခက်ထဲမှာ ရှိနေသည်။ပုခက်ထဲမှ နီတာရဲပေါက်စ လေးက ဆံပင်ခွေခွေလေးတွေနဲ့ နှင်းလုံးလေးလိုဖွေးစွတ်နေသည်။နှုတ်ခမ်းသေးသေးလေးတွေက နီရဲရဲနေပြီး သားက သူ့မေမေ ခင်ဝတီနဲ့ အတော်လေး တူသည်။

ကိုယ့်သားမို့ ကိုယ်ပြောတာမဟုတ်။ သားက အခုထဲကတောင် တော်တော်လေးချောတာပါ။

အတ္တတို့ခေါ်ဆောင်ရာ အချစ်ရပ်ဝန်းသို့(Complete)(Season-1)Where stories live. Discover now