RVTIACF chapter(21)

3.1K 463 13
                                    

CHAPTER-(21)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

သူတို့နှစ်ယောက်ကို ရန်သူလို့သတ်မှတ်နိုင်ပြီး ရန်သူတွေရင်ဆိုင်တွေ့ဖို့က ရှောင်လွှဲလို့မရပေ။ တစ်ယောက်ကလှေကားဆီ အရှေ့ဘက်ကလျောက်လာပြီး နောက်တစ်ယောက်ကအနောက်ကလျှောက်လာပေမယ့် သူတို့ကတွေ့ဖို့ကံပါလာဆဲ။

အနီးနားကကျောင်းသားတွေ အလှလေးနှစ်ပါး ထိတ်တိုက်တွေ့နေတာကို မြင်တဲ့အခါသူတို့ မသိစိတ်ကထိုင်းသွား၏။ အလှလေးတွေရန်စဖြစ်တာနဲ့ ဖြစ်လာမယ့်မြင်ကွင်းကို မြင်ရမှာ သူတို့စိုးရိမ်နေကြသည်။

ပိုင်ရွယ်ဝေ့ဘေးမှာရပ်နေတဲ့ကျောင်းသူက ပိုင်ရွယ်ဝေ့ကိုဖြည်းဖြည်းလေးဆွဲပြီး လေသံနိမ့်နိမ့်နဲ့ ပြောလိုက်သည်။

"ဝေဝေ ဂရုစိုက်နော်။ "

ပိုင်ရွယ်ဝေ့နှုတ်ခမ်းကို စက်ဝိုင်းပုံရှုံ့ပြီး လမ်းလျောက်သည်ကို ရပ်၏။ ထို့နောက်တစ်ခုခုပြောစရာ ရှိသည့်ပုံစံဖြင့် ချူရှောင်းဆီ တည့်တည့်လျောက်လာသည်။

ချူရှောင်းကတော့ သူမကိုတစ်ချက်တောင် ဝေ့မကြည့်။ သူမအိတ်ထဲက ဖတ်စာအုပ်ကိုထုတ်သည်။ ထို့နောက် စာသင်ခန်းထဲဝင်ရင်း ဖတ်စာအုပ်ကိုဖတ်သည်။ ချူရှောင်းပထမဆုံးအတန်းရဲ့ အလယ်ကခုံတစ်ခုံကိုတွေ့လို့ ဝင်ထိုင်လိုက်ပြီး ဖတ်စာအုပ်ကိုစိတ်ဝင်တစား ဖတ်ရှုလေသည်။

ပိုင်ရွယ်ဝေ့ချူရှောင်းကို ပြောဖို့ကြိုတင်ပြင်ဆင်လာသည့် စကားလုံးများမှာ ယခုတော့
လည်ချောင်းတွင် တစ်ဆို့သွားရသည်။ ဒါမဲ့လည်း သူမမျက်နှာထက်မှာ အပြုံးတစ်ခုဖျစ်ညစ် ပြုံးလိုက်၏
သူမချူရှောင်းကို စကားပြောချင်ကြောင်း လူအများကြီးပြောနိုင်သည် သို့သော်လည်း ချူရှောင်းကသူမကို ကျော်လျောက်သွားပြီးမမြင်သလို ပြုမှုသွားသည်။

သူမဒီအခြေအနေကြောင့် အရမ်းအရှက်ရသွားပြီး အချိန်တွေပြန်ဆုတ်နိုင်ဖို့ ဆုတောင်းမိသည်။ ချူရှောင်းသာလျစ်လျူရှုသွားမှာကို ကြိုသိခဲ့ရင် သူမလည်းချူရှောင်းလို အသေအချာကို လစ်လျူရှုသွားမိမှာ!

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now