RVTIACF chapter-(28)

2.9K 412 10
                                    

CHAPTER-(28)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

ဖန်ချင်းရဲ့မေးခွန်းကိုကြားပြီး ချူရှောင်းတစ်ယောက် အလေးအနက်ကြီးတစိမ့်စိမ့် တွေးနေတော့သည်။ ငါ့အကြိုက်က ဘယ်လိုမျိုးလဲ?

သူမတို့လို မိစ္ဆာကျင့်ကြံသူတွေက သူတို့စိတ်ကြိုက် စုချင်တဲ့အချိန်စုပြီး လူစုခွဲချင်တဲ့အချိန် ခွဲနေတာ။ သူတို့မှာ အရမ်းကြာတဲ့ဘဝသက်တမ်းတွေရှိပြီး လူတစ်ယောက်ချင်းစီတိုင်းရဲ့ အခြေအနေနဲ့ဖွံဖြိုးမှုက အလွန်ကွာခြားသည်။
သူတို့တစ်နေ့မှာ ပုန်းကွယ်နေတဲ့နယ်ပယ်ကိုတွေ့ရှိပြီး နောက်ဆုံးထွက်မလာခင်ထိနှစ်ရာချီ ကျင့်ကြံကြသည်။အဲ့လောက်အချိန်တွေ အကြာကြီးအဝေးမှာနေမှတော့ သူတို့မိတ်ဆွေတွေနဲ့ လက်တွဲဖော်တွေ အသက်ရှင်လျက်ရှိနေသေးလာတောင် မသိနိုင်တော့ပေ။

သက်တမ်းကလည်း အရှည်ကြီးဆိုတော့ စရိုက်တွေပြောင်းလဲသွားမှာလည်း ဧကန်ပင်။ ဒါကြောင့်သူတို့ဘဝရဲ့ ကွဲပြားတဲ့အချိန်တွေမှာ မတူညီတဲ့သူတွေနဲ့ လက်တွဲကောင်းလက်တွဲဖြစ်မှာ။ ထာဝရတစ်ပုံစံထဲ နေသွားဖို့ဆိုတာ သူတို့တွေအတွက်တော့ မဖြစ်နိုင်ဘူး။

သူမရဲ့အကြိုက် ပုံစံက....သူမရဲ့ စိတ်ဝင်စားမှုကိုဖမ်းစားနိုင်ပြီး ပျော်ရွှင်အောင် ထားနိုင်မယ့်လူမျိုးကို ကြိုက်တယ်။ မဟုတ်ရင်လည်း သူမကဘာလို့ အဖော်လိုမှာလဲ?

မှီခိုလို့ရမဲ့ယောက်ျားတစ်ယောက်ကို ရှာနေတဲ့အင်အားမဲ့ အမျိုးသမီးတွေအများကြီးပဲ။ ဒါပေမယ့် သူမကသန်မာတဲ့အမျိုးသမီးတစ်ယောက်၊ သူမရဲ့အဖော်က သူမလောက်လုပ်နိုင်ကိုင်နိုင်စွမ်း မရှိလည်းကိစ္စမရှိဘူး။ သူကသူမကို ပျော်ရွင်စေဖို့က အရေးကြီးဆုံးပဲ။

ချူရှောင်းဖန်ျင်းကို ပြုံးကာပြော၏။

"မေမေ၊ သမီးအကြိုက်ပုံစံကို ပြောပြဖို့က ခက်တယ်။ ဥပမာပြောရရင် သမီးကရိုးရာလက်ဖက်ရည်တင်ကြိုက်တာ မဟုတ်ဘဲ နို့လက်ဖက်ရည်ရော တခြားသောက်စရာတွေရောကြိုက်တယ်။ သူဘယ်သူပဲဖြစ်နေနေ သမီးကိုပျော်ရွှင်အောင်လုပ်ပေးနေသရွေ့ ကြိုက်မှာ။"

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now