အပိုင်း(၁)

51K 2.4K 194
                                    

#For Unicode

ဇန်နဝါရီ ရက်
2009 ခုနှစ်
မြန်မာနိုင်ငံ၏ နယ်စပ်တစ်နေရာ...

အချိန်ကား ညနေခြောက်နာရီ။ နေ့တာတိုပြီးညတာရှည်လျားသည့် ဟေမာန်ဆောင်းရာသီ၌ ဝန်းကျင်တစ်ခွင်လုံး မှောင်ရီဝေဝါးစအချိန် ဖြစ်လေ၏။ ပူသောနေသည် အနောက်အရပ်သို့ ဆုပ်ခွာကာ တိုးဝင်ပျောက်ကွယ်သွားချေပြီ။ တောင်ပတ်လည်ဝန်းရံကာ သစ်ရိပ်ဝါးရိပ်တို့ ဖြင့်အုံ့ဆိုင်းနေသည့် နယ်မြေတစ်ခုမှာလည်း ယခင်ကနှင့်
မတူ တိတ်ဆိတ်ခြင်းတို့ကြီးစိုးနေ၏။ 

"ဂီး....ဂီး..."

ထိုအချိန်တွင် မကောင်းနိမိတ်ဖတ်သကဲ့သို့ ​ကြောက်မက်ဖွယ်ငှက်ဆိုးထိုးသံကြီးက
လေအဟုန်နှင့်အတူ ပျံ့လွင့်လာပါတော့သည်။  တောင်ပံကြီးနှစ်ဖက်ကိုဖြန့်လွင့်လျက် မည်းနက်နေသည့် ငှက်ကြီးတစ်ကောင်သည် အဆောက်အအုံကြီးတစ်ခုပေါ်တွင် ဝဲပျံလျက်ရှိသည်။

မကြာလိုက်ခင်မှာပင် ထိုအဆောက်အအုံကြီး၏ တံခါးပေါက်နှစ်ဖက်က ဂျိန်းခနဲ ပွင့်သွားကာ အပြင်ဖက်ဆီမှ တစ်လှမ်းချင်း လျှောက်လာသော ဖိနပ်ခွာသံကို ရှင်းလင်းစွာ ကြားနေရပြီဖြစ်၏။ အကြင်သူကား အေးသောရာသီဥတုကြောင့် လောင်းကုတ်(long coat)အရှည်ကို ကျနစွာ ဝတ်ဆင်ထားသည်။ ရှည်လျားသည့် အရပ်အမောင်းနှင့် အနည်းငယ်နီမြန်းချင်နေသည့် အသားအ​​ရေက သူ၏စစ်ဆင်ရေးတွေကြောင့် ဖြစ်နိုင်ချေရှိ၏။ အီတလီ-မြန်မာလူမျိုး ဖြစ်သော်လည်း အနောက်နိုင်ငံသားနှင့်တူသည်။ ခပ်ရေးရေး ပါးသိုင်းမွှေးများကပင် သူ၏ အညှာအတာကင်းမဲ့လွန်းသော အငွေ့အသက်များကို လွှမ်းခြုံနေ၏။

ဝင်လာသည့် လမ်းတစ်လျှောက် အလုံပိတ် အခန်းဖြစ်၍ အလင်းရောင်ကို လုံးဝမမြင်ရ။ အဆုံးသတ် အခန်းသို့ နီးလာလေ အောက်သိုးသိုးသွေးညှီနံ့က တထောင်းထောင်း ထလာလေဖြစ်သည်။ ပြောင်လက်နေသည့် ရူးဖိနပ်တစ်စုံသည် အခန်းတံခါးရှေ့တွင် ရပ်တန့်လိုက်သည်နှင့် သူ၏ ဘယ်လက်ရုန်းဖြစ်သူ Jame က တံခါးကိုဖွင့်ထားပြီး သားဖြစ်သည်။ သူ့ကိုမြင်သည်နှင့် Jame နှင့်အတူ ကျန်သည့် တပည့်ငါးယောက်ကပါ ထိုင်နေရင်းမှ အသင့်အနေအထားဖြင့် မတ်တပ်ထရပ်ကြသည်။သို့သော် jameအပါအဝင် အကုန်လုံးမျက်နှာမကောင်းကြ။

Luigi's Empire (Ongoing) Where stories live. Discover now