အပိုင်း(၂၃)

15.2K 1.5K 188
                                    

Warning ⚠️⚠️ Violence

ရန်ကုန်မြို့

ဆေးရုံအခန်းရှေ့တွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသော ရှိန်းသည်တစ်ယောက်တည်း ကမ္ဘာပျက်နေလေ၏။ တံခါးခေါက်ပြီး အခန်းထဲ ဝင်ဖို့အထိတော့ သူ သတ္တိမကောင်းနိုင်။ ရုတ်တရက် သူ့လုပ်ရက်ကြောင့် စစ်သွေး အဖေသည် အောက်ဆီချင်ပိုက်တန်းလန်းနှင့် ယခုချိန်အထိ စောင့်ကြည့်ခံနေရသော အခြေအနေပင်ဖြစ်သည်။

ထိုအချိန်တွင် ဆရာဝန်ကြီးများ ခပ်သွက်သွက် လျှောက်လာသဖြင့် ရှိန်း မျက်နှာငယ်နှင့် တံခါးပေါက်ရှေ့မှ နံရံထောင့်ကပ်၍ အလျင်အမြန် ဖယ်ပေးလိုက်ရသည်။

"သွေး.."

တံခါးပေါက်ပွင့်သွားသည်နှင့် ဖျတ်ခနဲ မြင်လိုက်ရသော စစ်သွေးသည် ရှိန်းကို တွေ့သောအခါ ချက်ချင်း မျက်နှာလွှဲသွားသည်။ ရှိန်း ဘက်မှ တောင်းပန်ခွင့်လေးတောင်မရှိ။ စစ်သွေး၏ ဥပက္ခာပြုသော မျက်ဝန်းများက ရှိန်း ခံစားချက်များကို တစ်ဆစ်ဆစ် ဝါးမြိုနေသည်။ စိတ်မောစွာ သက်ပြင်းများ ချမိနေသည်မှာ ဘယ်နှစ်ကြိမ်မှန်းမသိတော့။ ရှိန်းမျက်နှာမှာ ဟန်ဆောင်၍ မရအောင်
ပျက်ယွင်းနေတော့သည်။

Ring...Ring...။

ထိုအချိန် ဘောင်းဘီအိတ်ထဲက ဖုန်းသံသည် ဆူညံစွာ ထွက်ပေါ်လာ၏။ ဖုန်းနံပါတ်ကို ကြည့်လိုက်သောအခါ ကလပ်မှ တာဝန်လွှဲထားခဲ့သော တပည့်လေးဖြစ်၍ ရှိန်း အနည်းငယ် ပျာသွားသည်။

"ဟယ်လို.."

"A1 တရုတ်တန်းက သတင်းပေးလိုက်တဲ့ ကိစ္စကြောင့် ဟို နိုင်ငံခြားသားရဲ့လူတွေ ကလပ်မှာ လာသောင်းကျန်းသွားတယ်။ မင်းတို့ဆရာ Luigi ဘယ်မှာလဲလို့လဲ မေးပြီး၊ ကျွန်တော်က မပြောတော့ ကလပ်မှာ ရှိတဲ့ အရက်ပုလင်းတွေရော၊ ရှိသမျှ ခုံတွင်စောင့်ကန်ပြီး အကုန် ရိုက်ခွဲသွားတယ်။ အထဲကလူတွေလဲ ထွက်ပြေးကုန်လို့ ကျွန်တော် အခု တံခါးပိတ်ချလိုက်ရပြီ။ ဒီကိစ္စ အပြင်ကိုပေါက်ကြားနိုင်တာမလို့ A1 အခုလာနိုင်မလားလို့"

နားထောင်နေသော ရှိန်း၏ မျက်နှာမှာ ကြောက်စရာကောင်းလောက်အောင် တည်တင်းသွားသည်။ လက်ရှိလည်း စိတ်အခြေအနေမကောင်းတာမို့ သူ၏ ဒေါသမှာ ပွက်ပွက်ဆူနေသော ရေနွေးသကဲ့သို့ အပူတပြင်းဖြစ်နေသည်။

Luigi's Empire (Ongoing) Where stories live. Discover now