အပိုင်း(၃၆)

11.9K 1.3K 198
                                    

#For Unicode

⛔️သည်အပိုင်းကို ss မထုတ်ဖို့ တောင်းဆိုပါတယ်

အမှတ်ခြစ်ပြီးဖြစ်သော အဖြေလွှာစာရွက်ကို ကြည့်ကာ ဆရာလုပ်သူ မျက်လုံးပြူးရသည်။ စစ်သွေးသည် သူ့ရှေ့တွင်သာ ဤအဖြေလွှာကို မဖြေခဲ့ပါက ယုံနိုင်လိမ့်မည်မဟုတ်။ အနည်းငယ်သာ အမှားပါသော အဖြေလွှာက အောင်မှတ်ထက်ပင် များစွာ သာလွန်နေသေးသည်။

"ငါ့တပည့် ဟုတ်ကော ဟုတ်ရဲ့လား"

အဖြေလွှာကိုကိုင်ကာ မယုံနိုင်စွာမေးမိတော့ စစ်သွေးက အရယ်အပြုံးမရှိသော မျက်နှာနှင့် ပြန်ဖြေ၏။

"အခုမှ စက်တင်ဘာဆိုတော့ ကျွန်တော် အနည်းဆုံး ဂုဏ်ထူးသုံးသာသာလောက် ထွက်ဖို့ မှီသေးလား"

စစ်သွေး အတည်မေးနေမှန်း သူ၏မျက်ဝန်းသေများက သိသာသည်။ သည်ရက်ပိုင်း
လည်း သိသိသာသာ ပိန်သွား၍ တစ်ခါမှ
မမြင်ဘူးသော ပုံစံကိုကြည့်ကာ ဆရာဖြစ်သူမှာ အိပ်မက်မက်နေသူပမာ။

"မင်းလုပ်ချင်ရင် မဖြစ်နိုင်ဘူးဆိုတာမရှိဘူး
ဟေ့ကောင်။ မင်းဘက်က ကြိုးစားရင် ငါ့ဘက်က တွန်းပေးဖို့ အဆင့်ဘဲ"

သူဝမ်းသာအားရ ပြောမိချိန် စစ်သွေးက
သူ့အဖြေလွှာကို ကြည့်ကာ မကျေမနပ်
မျက်မှောင်ကြုတ်သည်။

"သည်ပုစ္ဆာက ဘာလို့မှားသွားတာလဲ..
ကျွန်တော်အခု ပြန်တွက်မယ်"

မှားနေသော သင်္ချာပုစ္ဆာကို စစ်သွေး ချက်ချင်း စာအုပ်တွင် ပြန်၍ချတွက်သည်။ ထိုအချိန် ဗလာစာအုပ်ပေါ်သို့ နှာခေါင်းသွေးက ပေါက်ခနဲ ကျလာသည်။

"ဟာ ဟေ့ကောင်.."

ဆရာက ပျာပျာသလဲ ထိတ်လန့်သွားသော်လည်း သူသည် ဇွဲမလျော့ဘဲ ဆက်တွက်နေသည်။

"မင်းအဲလို လုပ်လို့မရဘူးလေ..ရေခဲကပ်အုံး။ ခေါင်းကို ခဏမော့ထား"

ဆရာသည် ကပျာကယာ ထကာ အိမ်အကူ
အဒေါ်ကြီးကို ရှာရသည်။ သူ့ဦးလေး ခရီးထွက်နေ၍ အိမ်တွင် မည်သူမျှ မရှိ။ ရေခဲယူပြီး
ပြန်လာတော့ စစ်သွေး စာအုပ်တွင် သွေးစက်များက ချင်းချင်းရဲလျက်။ စစ်သွေး၏ မျက်နှာကို မော့ခိုင်းစေကာ နှာခေါင်းပေါ်သို့ ရေခဲထုတ်ကို ညင်သာစွာ တင်ပေးလိုက်သည်။

Luigi's Empire (Ongoing) Where stories live. Discover now