အပိုင်း (၄၆)

5.7K 523 129
                                    

For Unicode

အိမ်ဖြူတော်မှ ပို့သသော စာလွှာအား မြန်မာနိုင်ငံသမ္မတက ပယ်ချကာ မေတ္တာရပ်ခံခဲ့သည်။ မြန်မာနိုင်ငံတွင်ရှိနေသော ဘိန်းရာဇာအား
မည်သည့်နိုင်ငံကိုမှ လွှဲပြောင်းမပေးနိုင်ကြောင်း
နှင့် သူ၏နိုင်ငံသားကို သူကိုယ်တိုင် ထိန်းသိမ်းမည်ဖြစ်ကြောင်း ယဉ်ကျေးစွာပြန်စာပို့ခဲ့၏။

အီတလီသွေးနှောနေသဖြင့် ပို၍ခေါင်းရှုပ်ကာ အကြပ်ရိုက်စေခဲ့သည်။ အီတလီ နိုင်ငံနှင့်ပါ ညိလာသည်။ ထောက်လှမ်းရေးများကလည်းပြည်သူများ အသေအပျောက်မများစေရန်
စစ်ကိုရှောင်ရပြန်သည်။

လူဝီဂျီသည် မည်သူကမျှ အကဲမစမ်းရဲသော
ပုဂ္ဂိုလ် ဖြစ်သည်။ သူ့ကိုထိလျှင် စစ်ကို စရမည်။
သူ၏ အားနည်းချက်မှာ မည်သည့်အရာ ဖြစ်လာနိုင်မည်နည်း။

...................................

"ဗိုလ်ကြီး..."

စိုးရိမ်စွာ အော်သံနက်ကြီးနဲ့အတူ နောက်သို့လန်ကျသွားသော လူဝီဂျီ့ကိုယ်ကို သူ၏တပည့်က လျှင်မြန်စွာ လှမ်းထိန်းလိုက်၏။ ထက်မြက်လက်ထဲမှ ရွှေသေနတ်သည် မြေပြင်သို့ လွတ်ကျသွားသည်။ ထက်မြက် ကြောင်ရပ်နေမိသည်။ လူဝီဂျီ တံခေါက်ခွက်မှ သွေးများကလည်း ကြမ်းပြင်ပေါ်တွင် ပျံ့နှံ့နေပြီဖြစ်၏။

"မင်း ပြေးတော့"

အပြင်မှ ခြေသံများက အိမ်ထဲသို့ ပြေးဝင်လာကြသည်။ ခြေထောက်ဒဏ်ရာရသွားသော လူဝီဂျီမှာ မထနိုင်တော့။ သူ၏ တစ်ပည့်ကို ကိုယ်လွတ်ရုန်းရန် အမိန့်ပေးတော့သည်။

"မဖြစ်ဘူးလေ ဗိုလ်ကြီး"

"အခုသွား...ဒါငါ့အမိန့်ပဲ"

အမိန့်ဆိုသည်ကို လွန်ဆန်၍မရပါ။ လူဝီဂျီ့တပည့်သည် အလေးပြုကာ လေအလျှင်လိုပျောက်ကွယ်သွားသည်နှင့် တပြိုင်နက် တာဝန်ရှိ ရဲများက ပြေးဝင်လာတော့၏။ ထက်မြက်ထိတ်လန့်သွားသည်။ ထိုရဲများကို သူသည် သတင်းမပေးထား။ ရဲများက လူဝီဂျီ့အား သေနတ်နှင့် ချိန်
ရွယ်ထားသည်။ သို့သော် လူဝီဂျီသည်
မထင်မှတ်သော အပြုအမှုတစ်ခုကို လုပ်လိုက်၏။ အသံနက်ကြီးနှင့် ဟာသတစ်ခုလို လှောင်ရယ်ကာ ကုန်းထတော့သည်။ ကျည်ဝင်နေသော ခြေထောက်က ပုံမှန်လျှင် မလှုပ်နိုင်သည့် အနေအထားဖြစ်သော်လည်း လူဝီဂျီမှာ
မနာကျင်သည့်လူတစ်ယောက်လို။

Luigi's Empire (Ongoing) Where stories live. Discover now