အပိုင်း(၅)

18.1K 1.7K 132
                                    


#For Unicode

ဤအခန်းရှိ စာသားများကို group မှာသော်လည်းကောင်၊ မိမိ အကောင့်မှာသော်လည်းလည်းကောင်း  ss မထုတ်ဖို့ တောင်းဆိုပါတယ်နော်

....................

ဇန်နဝါရီလ (၂၀)ရက်
2009 ခုနှစ်
ရန်ကုန်မြို့

"တောက်!!!!"

မျက်စိရှေ့ရောက်လာသော သေလုမြောပါးကောင်နှင့် ထည့်ပေးလိုက်သော စာအိတ်ကို
ဖွင့်​ဖောက်ကြည့်မိသောအခါ ဦးမင်းရာ အင်မတန် တုန်လှုပ်ခြောက်ခြားသွားသည်။

"အစ်ကို ကျွန်မတို့ မိသားစုတော့ ဘဝပျက်ပြီထင်ပါတယ်..တစ်ခုခု စဉ်းစားပါအုံးရှင်..အစကတည်းက ရှင့်ကို ကျွန်မမပြောခဲ့ဘူးလား
သူနဲ့ ထိပ်တိုက်မတွေ့ပါနဲ့လို့.."

ငိုယိုပြီးပြောနေသော မိန်းမဖြစ်သူကို သူ မနှစ်သိမ့်နိုင်တော့။

"အဘ ကျွန်တော် တောင်းပန်ပါတယ်..ကျွန်..ကျွန်တော် မလွှဲသာတော့တဲ့ အခြေအနေမလို့ပါ"

မလှုပ်နိုင်တော့သော ခြေထောက်ကို တရွတ်တိုက်ဆွဲကာ ခြေဖမိုးထိလာ ဦးတိုက်နေသည့် ကောင်ကို ဦးမင်းရာ ဆောင့်ကန်ပစ်လိုက်၏။ လက်ထဲက သက်သေခံပစ္စည်းများကို မယုံနိုင်စွာ ကြည့်နေမိသည်။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..။

ဦးမင်းရာ အုပ်ချုပ်ရသည့် တပ်ထဲတွင်
စာရင်း အပိုတင်ကာ လာဘ်စားထားသည့် ငွေကြေးတွေက တိတိကျကျ။

လက်မှတ်ကလေး ထိုးပေးလိုက်ရုံနှင့် အိတ်ကပ်ထဲ ပြန်ဝင်လာသည့် အကျိုးအမြတ်ပေါင်းများစွာ။

အပေါ်လူ၊ အောက်လူ လက်ဖဝါးခြင်းရိုက်ကာ နားလည်မှုနှင့် ဥပ​ဒေကို ချိုးဖောက်ခွင့်ရနေသော စီးပွားရေးလုပ်ငန်များ..။

ဒါတွေကို အလွယ်တကူ သိနေသည့် အီတလီနိုင်ငံသားကြောင့် သူ လွန်စွာသွေးပျက်သွားသည်။ တကယ်တော့ ကျားတစ်ကောင်မှန်း သိပါလျက် ထိုသူ၏ခံတွင်းဝကို ဝင်ခဲ့မိလေခြင်း။ အခုချိန်မှ နောက်ပြန်လှည့်ဖို့ရာလည်း
မဖြစ်နိုင်တော့။ ဇနီးဖြစ်သူက အကြိမ်ကြိမ် တားပါလျက်၊ သူ တစ်ဇွတ်ထိုး လုပ်ခဲ့မိတာ။

Luigi's Empire (Ongoing) Where stories live. Discover now