အပိုင်း(၉)

15.1K 1.6K 111
                                    

#For Unicode

"မေမေ ကိုကြီး အိမ်သာထဲ ဝင်သွားတာခုထိပြန်ထွက်မလာသေးဘူး..သား စာစစ်ခိုင်းမလို့ကိုး"

"ဪ သားငယ်ရယ် အိမ်သာတော့ ဖြောင့်အောင် ဝင်ပါစေ"

မေမေနှင့် နှိုင်းမဲ့၏ စကားပြောသံကိုကြားသည့်တိုင် ထက်မြက် အိမ်သာထဲက မထွက်နိုင်သေး။ မှန်ရှေ့က ဘေစင်တွင် အိမ်ပြန်ရောက်ကတည်းက မျက်နှာသစ်၊ သွားတိုက်လုပ်နေသည်မှာ နာရီဝက်ကျော်နေပြီဖြစ်သည်။ တစ်နည်းအားဖြင့် သွေးထွက်သည်အထိပင် သွားတွေကို ဖိတိုက်နေမိ၏။

"လူယုတ်မာကြီး....."

ရေစက်များ ခိုသီနေသော ကိုယ့်မျက်နှာကိုယ်
မှန်ထဲ၌ပြန်ကြည့်ကာ စိတ်ပျက်စွာ ရေရွတ်မိတော့သည်။ နှုတ်ခမ်းကို ငုံထွေးလိုက်သည့်
ပုံရိပ်ကို တွေးမိပြန်တော့ နောက်တစ်ကြိမ် ပလုတ်ကျင်းမိပြန်၏။ tour Guide ဖြစ်သည့်အတွက် မကြာခဏကြုံနေရသော
ဖော်ရိန်နာ ဂေးအတွဲတွေဟာ ထက်မြက်အတွက် မထူးစမ်းသော်လည်း ယခု အခြေအနေဟာ အစိမ်းသက်သက်။

ရွဲ့ချင်ဇောနှင့် စိုက်ကြည့်ထားမိသည့် ကိစ္စကို မြင်ယောင်မိပြန်သောအခါ တစ်ကိုယ်လုံးပဲ
ပူလာသလိုလို။

"ဘာလို့ အဲလောက်တောင်ကြီးရတာလဲ"

"Shit!! ငါဘာတွေ တွေးနေတာလဲ"

ထက်မြက် ကိုယ့်ခေါင်းကိုယ် နာနာရိုက်ကာ
မေ့ဖျောက်ပစ်ရသည်။ ဒါတောင် နှုတ်ခမ်းကို အတင်းစေ့ထားလို့ ဘာ့မှဆိုးဆိုးရွားရွား
မဖြစ်လိုက်တာ။ မဟုတ်ရင် တွေးတောင်
မတွေးရဲ။

"ယောက်ျားချင်းကို ကွာ..."

နှုတ်ခမ်းလေးကို ထိကိုင်ရင်း ခပ်တိုးတိုးရေရွတ်မိတော့ ဖြန်းခနဲ ကြက်သီးများထလာကာ နှလုံးခုန်သံဟာလည်း တဒိတ်ဒိတ်နှင့်..။

.............................

အခွင့်အရေးများ ရချင်သော အခါမူ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်သည်။ မနေ့ညက အိပ်ရာမဝင်ခင်ထိ ထက်မြက် ကျူရှင်ခ ပြန်လည်လျော်ပေးဖို့အရေး ခေါင်းခြောက်ခဲ့ရသည်။ သူဌေးးအိမ်၌ စာသင်ခွင့်ရခဲ့တာမို့ ပုံမှန်ထက် သုံးဆလောက်ပိုရသည့် လခလေးကို ညီလေးအတွက် ကျူရှင်ခနှင့် မေမေ့ကို တတ်နိုင်သလောက်ကန်တော့ရင်း၊ နွေ့ကိုလည်း မွေးနေ့လက်ဆောင် ဝယ်ပေးခဲ့တာမို့ ထက်မြက်လက်ထဲတွင် ပိုက်ဆံ များများစားစား မကျန်တော့။ ဒါ့အပြင် အခုဖြစ်သည့် ပြဿနာကကျောင်းသားနှင့် မဟုတ်ဘဲ သူ့ဦးလေးနဲ့ပါလို့ ထက်မြက် ဘယ်လို ပြောရမလဲ။ ဖေကြီးနှင့်မေမေ၏ အားကိုးရာအဖြစ် မိမိကိုယ်ကိုယ် ခံယူထားတာမို့ သည်လိုကိစ္စများကို ပိုလို့ပင်မပြောချင်ပါ။

Luigi's Empire (Ongoing) Where stories live. Discover now