အပိုင်း(၃၀)

18.5K 1.8K 711
                                    

#For Unicode

ခွပ်!

ပြင်းထန်စွာ ကျလာသော လက်သီးတစ်ချက်ကြောင့် ရှိန်းမျက်နှာမှာ လည်ထွက်သွားတော့သည်။ သွေးစို့သွားသော နှုတ်ခမ်းထောင့်ကို လက်မဖြင့်ပွတ်ရင်း ရှိန်း နားမလည်လွန်းစွာ ကြည့်လိုက်မိ၏။

"ဒါဘာစောက်ချိုးလဲ ရှိန်းခမ်းမို"

တင်းတင်းစေ့ထား၍ ထောင်နေသော မေးရိုးကြောတွေ။ ဒေါသကြောင့် ချင်းချင်းနီနေသည့် မျက်ဝန်းတွေ။ တောက်တစ်ခေါက်ခေါက်နှင့် ခါးထောက်ထားသော သွေး အပြုအမူတွေက မထိန်းနိုင်သော ဒေါသအတိုင်းအတာကို ခန့်မှန်းလို့ရသည်။

သို့သော် စစ်သွေး ဘာတွေဖြစ်နေပါသနည်း။

"ငါ့ဟာငါ ဘာလုပ်လုပ် မင်းနဲ့ ဘာဆိုင်လဲ"

တည်တင်းထားသည့် မျက်နှာနှင့် ရှိန်း
ပိတ်ဟောက်ပစ်လိုက်တော့၊ စစ်သွေးမျက်နှာသည် ပို၍ ပင် ပျက်ယွင်းသွားတော့သည်။ စစ်သွေးထင်ဆိုသည်မှာ ငယ်ငယ်ကတည်းက သူလုပ်ချင်ရာသာလုပ်ပြီး၊ ရှိန်း ကို ဂရုမစိုက်သလို နေလာခဲ့တာ။တစ်ကိုယ်ကောင်းဆန်သည့် စိတ်အခံနှင့် ရှိန်းသည် သူ့ကလွဲရင် တခြားသူအပေါ် သူ့ထက်ပိုသွားမှာကို နည်းနည်းလေးမှမကြိုက်။

"ဘယ်လို! ဘာဆိုင်လဲ ဟုတ်လား.."

ဗုန်း!

နေရာတကာ ဒေါသကို ရှေ့တန်းတင်သူက နံရံကို လက်သီးဖြင့် ထိုးပစ်လိုက်သည်မှာ ပြင်းထန်စွာ။ ပေါက်ပြဲသွားသော သွေး လက်ဖမိုးကြည့်ရင်း၊ ရှိန်း မခံစားနိုင်တော့သည်မို့ ချက်ချင်း ကျောခိုင်းပစ်လိုက်သည်။ အခန်းထဲတွင်ရှိသော ဟိုကောင်လေးကတော့ အခြေအနေကို သဘောပေါက်စွာ သွေး ဝင်လာကတည်းက အခန်းထဲမှ ထွက်သွားပြီဖြစ်၏။

"ခင်ဗျားအလုပ်ချိန်ကြီးမှာ ဒါမျိုးလုပ်လို့ရလား"

"အဟက်!"

ရှိန်း အသက်မပါစွာ ရယ်လိုက်မိသည်။ အလုပ်ချိန်မှာ သည်လိုလုပ်လို့ ဖြစ်ပျက်နေခြင်းလား ဒါက။

"ဟေ့ကောင်...မင်းယောက်ျားမဟုတ်ဘူးလား"

စစ်သွေး၏ အင်္ကျီလည်ပင်းကို ဆုပ်ကိုင်ကာ ရှိန်း သူ့ကို နံရံ၌ ဝုန်းခနဲ စောင့်တွန်းလိုက်တော့၏။ သည့်ထက် ပိုပြီး သည်းမခံနိုင်တော့။

Luigi's Empire (Ongoing) Where stories live. Discover now