အပိုင်း(၁၂)

15.1K 1.4K 129
                                    

#For Unicode

ကျွီခနဲ ကျွန်းတံခါး၏ ရွေ့လျားသံကို ဖြည်းညင်းစွာ ကြားလိုက်ရပြီးနောက်၊ ခဏကြာသော် လှေကားမှ ဆင်းလာသော ခြေသံများက တဖြည်းဖြည်း ပို၍နီးကပ်လာ၏။ မြေအောက်ခန်းဖြစ်တာကြောင့် လေဝင်လေထွက် မရှိ။ သဘာဝတရားကပေးသော အလင်းရောင်မရှိ။ တစ်ခုတည်းသော မီးချောင်း၏ အလင်းစွမ်း...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ကျွီခနဲ ကျွန်းတံခါး၏ ရွေ့လျားသံကို ဖြည်းညင်းစွာ ကြားလိုက်ရပြီးနောက်၊ ခဏကြာသော် လှေကားမှ ဆင်းလာသော ခြေသံများက တဖြည်းဖြည်း ပို၍နီးကပ်လာ၏။ မြေအောက်ခန်းဖြစ်တာကြောင့် လေဝင်လေထွက် မရှိ။ သဘာဝတရားကပေးသော အလင်းရောင်မရှိ။ တစ်ခုတည်းသော မီးချောင်း၏ အလင်းစွမ်းအင်ကိုသာ အသုံးပြုထားရသည်။ အုတ်နံရံများသည် အိုဟောင်းယိုဆွေးနေသဖြင့် ဆေးသားများ အချပ်လိုက် ကွာကျနေ၏။

များပြားလှသော လုပ်သားများကတော့ နှာခေါင်းစည်းများအုပ်ကာ မျက်နှာသေနှင့် သူ့အလုပ်သူ ဆက်လုပ်နေကြဆဲ။

လူဝီဂျီသည် ထိုမြင်ကွင်းကို ကြည့်ရင်း လက်ညှိုးနှင့် လက်ခလယ်ကြားရှိ သောက်လက်စ ဆေးခြောက်အား တစ်ချက် ရှိူက်ဖွာကာ၊ အနည်းငယ် ပူအိုက်လာသောကြောင့် ဝတ်ထားသည့် ရှပ်လက်ရှည် အနက်ရောင်ကို အပေါ်ကြယ်သီးများ  ဖြုတ်ပစ်လိုက်သည် ။ ထိုအခါ ကျစ်လစ်သော သူ၏ ရင်အုပ်ကျယ်ကျယ်က လှစ်ဟပေါ်သွားသည်။ နက်မှောင်သော ဆံပင်တွေကို တစ်မျှင်မှ မကျလာလေအောင် ဂျယ်ဖြင့် အပေါ်သို့ လှန်တင်ထားသဖြင့်တွန့်ချိုးထားသော မျက်ခုံးတွေနှင့်အတူ၊ ခန့်ညားသော မျက်နှာချောချောမှာ ထင်းနေ၏။

လူဝီဂျီ၏ ဆွဲဆောင်မှုအရှိဆုံးသော အရာကို ပြောရမည်ဆိုလျှင် စင်ယော်တောင်ပံကဲ့သို့ မည်းနက်နေသော မျက်ခုံးအောက်ရှိ၊ စူးရှသောမျက်ဝန်းတွေပါပင်။ ဖန်ဂေါ်လီကဲ့သို့ ရွှန်းရွှန်းစိုနေသည့် မျက်ဝန်းအိမ်က အစိမ်းနုရောင်ဖြစ်ပြီး၊ ထိုမျက်ဝန်းအိမ်ထဲရှိ ဖြာထွက်နေသော သွေးကြောမျှင်လေးများသည် အဝါနုရောင် ဖြစ်သဖြင့် မျက်စံအိမ်မှာ နှစ်ရောင်စပ်ဖြစ်ကာ၊ မာန်ဖီနေသော မြွေဟောက်တစ်ကောင်ကဲ့သို့ ညှို့အားပြင်းသည်။ ဤမျက်ဝန်းများကိုမူ မည်သူမျှ ကြာကြာ စိုက်မကြည့်ရဲချေ။ မထိတထိ ဆင်မြန်းတတ်သော အပြုံးတွေကလည်း ရေခဲတမျှ အေးစက်နေတတ်သည်။ တစ်နည်းအားဖြင့် စိတ်ပါ၊ လက်ပါ အပြုံးမျိုးကို မြင်ရခဲသည်။

Luigi's Empire (Ongoing) Where stories live. Discover now