အပိုင်း(၁၈)

14.9K 1.5K 126
                                    

#for Unicode

"ဘဲကြီး မိန်းမကို ပစ်ပြီး..လာကဲတာလား.."

"ဒါပါ့ တစ်ခါတလေ အပြောင်းအလဲလေး.."

"ဟားဟား..."

စီးပွားဘက်ဖြစ်သော ထည်ဝါငြိမ်းကို ဦးအဂ္ဂ
သွားဧည့်ခံရသည်။ သူဆိုဖာ၌ ထိုင်လိုက်သည်နှင့် ယမကာခွက်ခြင်းတိုက်ကာ အသိအမှတ်ပြုကြ၏။ ကလပ်က သီချင်းသံတွေ ဆူညံနေသော်လည်း ရေချိန်ကိုက်နေသူတွေအဖို့ စကားပြောရတာ အခက်အခဲမရှိ။

"ရုံးခန်းထဲ သွားမလား..အသံတွေ ဆူရင်"

"Nono ဒီမှာပဲ အဆင်ပြေတယ်...အဓိကက..
ဂွင်အကြီးကြီးရှိလို့ လာပြောတာ ခင်ဗျား စိတ်ဝင်စားမလားလို့.."

ဦးအဂ္ဂ အရက်တစ်ငုံသောက်ရင်း ဆက်၍နားထောင်နေ၏။

"2010 မှာ ရေအားလျှပ်စစ်စီမံကိန်းရှိတယ်..ခင်ဗျားဒေါ်လာ ဘယ်လောက်မတည်နိုင်မလဲ သိချင်တယ်.."

"အကျိုးအမြတ်က.."

"နောက်တစ်ပတ် နေပြည်တော် private အစည်းအဝေးကျရင် သေချာပေါက် သိရမှာပေါ့.."

လေးပင်စွာ ခေါင်းညိတ်ပြလိုက်သော ဦးအဂ္ဂသည် သေချာ စဉ်းစားနေဟန်ရှိသည်။

"ဒီရက်ပိုင်းတော့ အကြောင်းပြန်ကြားပါမယ်...လောလောဆယ် ကုမ္ပဏီက ရှယ်ယာဈေးကွက်လေး ကစားချင်လို့..ကျုပ် အလုပ်ရှုပ်နေတယ်"

ဦးထည်ဝါ နားလည်ကြောင်း ခေါင်းတဆတ်ဆတ်ညိတ်၏။ အဂ္ဂမင်းထင်သည် လွယ်လွယ်နှင့် လက်ခံမည့် လူစားမဟုတ်မှန်း သူ ကြိုတွေးထားပြီးသားပင်။

"ဪ ..ဒါနဲ့ ကျွန်တော် မိတ်ဆက်ပေးရအုံးမယ်..သူက starlight CEO ရဲထွဋ်၊ သူကတော့ မှုခင်းရဲ တင်အောင်။

"တွေ့ရတာ ဝမ်းသာပါတယ်.."

ရဲထွဋ်သည် အသက် လေးဆယ်ဝန်းကျင်ပုံပေါက်သော်လည်း၊ တင်အောင်ကတော့ သုံးဆယ်ဝန်းကျင်လောက်ဖြစ်နိုင်သည်။ သူတို့ဘက်က စတင်မိတ်ဆက်လာသောကြောင့်
ဦးအဂ္ဂ ဖော်ရွေစွာ လက်ဆွဲနှုတ်ဆက်လိုက်သည်။

"အင်း တွေ့ရတာ ဝမ်းသာပါတယ်..လိုအပ်တာ အကုန်ပြောနော်..ကျုပ်ပြီးရင် ကောင်လေးတစ်ယောက်လွှတ်ပေးလိုက်မယ်...စိတ်ကြိုက်ကဲကြပေါ့၊ လူလိုလို၊ အရက်အလိုလို အကုန်ပြောလို့ရပါတယ်"

Luigi's Empire (Ongoing) Where stories live. Discover now