အပိုင်း(၇)

15K 1.7K 100
                                    

#For Unicode

"Daddy နွေ မွေးနေ့ကိတ်ခွဲတော့မှာ.."

"ဟုတ်ပြီ daddy လာမယ်"

ယမကာကြောင့် အနည်းငယ် ရီဝေနေပြီဖြစ်သော လူကြီးဝိုင်းသို့သွားကာ နွေရိပ်လွှာ အသိပေးရသည်။ တခြားလူကြီးတွေက လိုက်မလာသော်လည်း daddy နှင့်အတူ၊ ဦးအဂ္ဂမင်းထင်နှင်သူ့အတွင်းရေးမှူးပါ ထလိုက်လာကြ၏။ အဲဒီလူကြီးကို နွေ ပထမဆုံး အကြိမ်တွေ့ဖူးပေမဲ့ ၊ ရှိန်နေမိတာတော့ အမှန်ပင်။ သူ့ဆီမှာ အရှိန်အဝါတစ်ခု ကိန်းဝိပ်နေသလိုမျိုး ပြုံးလိုက်လျှင်တောင် ကြက်သီးမွေးညင်းများထသည်အထိ။

"ဟိုလူက ဘာကိစ္စပါလာပြန်ပြီလဲ"

မောင့်အမေးကြောင့် daddy မကြားသွားအောင် မျက်နှာရိပ်မျက်နှာကဲ ပြပြီး တိတ်ခိုင်းလိုက်ရသည်။ မောင်က တကယ်ကို အလိုက်ကမ်းဆိုး မသိ။ ထို့နောက် မွေးနေ့ကိတ်တင်ထားသည့် စားပွဲတွင် နွေကအလယ်မှာနေရာယူကာ ဘေးမှာသူငယ်ချင်းတွေ ဝိုင်းနေတော့သည်။ အလှဆင်ထားသည့် မီးဆလိုက်များက နွေ့ကို ထိုးလိုက်သောအခါ ဝင်းမွတ်နေသည့် မျက်နှာလေးက ငေးရက်ချင်စရာ။ နွေ့၏ ညာဘက်မှာ မောင်ရှိနေသလို၊ ဘယ်ဘက်မှာလည်း ဦးအဂ္ဂမင်းထင်။

"ခင်ဗျားသမီးဘေးမှာ နေသင့်တာပေါ့"

ဒေါသကြီးစွာ စူးစိုက်ကြည့်နေသည့် ထက်မြက်အား ဦးအဂ္ဂတစ်ချက်သာလှမ်းကြည့်ပြီး၊ နွေ့အဖေကို ဘေးပို့လိုက်သည်။ ထိုအကြည့်သည် အရာအားလုံး သူ့စိတ်ကြိုက် လုပ်နိုင်သည်ဆိုသည့် အကြည့်မျိုး။ နွေ့ မွေးနေ့မို့ ထက်မြက် အတတ်နိုင်ဆုံး စိတ်ထိန်းထားရသည်။ မွေးနေ့ကိတ်လေးပေါ်မှာ ဖယောင်းတိုင်လေးတွေ ထွန်းနေသော နွေ့ဆီကိုသာ အကြည့်လွှဲပစ်လိုက်၏။

"Happybirthday too you...
Happybirthday too you...
Happybirthday dear နွေရိပ်လွှာ..
Happybirthday too you..."

မွေးနေ့ရှင်လေးက ပြုံးရွှင်နေကာ ကိတ်ခွဲတော့သည်။ ထက်မြက် အစမတန် ရင်တွေခုန်လာ၏။ ဘောင်းဘီအိတ်ကပ်ထဲက food chain လေးကို နွေ့အား စပရိုက်ဝတ်ပေးဖို့အတွက် အဆင်သင့် စမ်းနေမိသည်။ နွေက ကိတ်ခွဲပြီးသည်နှင့် ပထမဆုံး သူ့ဖေဖေကို ခွံကျွေး၏။ ဒုတိယ ထက်မြက် အလှည့်ရောက်လာလျှင် အဆင့်သင့် foodchain လေးထုတ်ဝတ်ပေးဖို့ ပြင်လိုက်သည့်အခါ..

Luigi's Empire (Ongoing) Where stories live. Discover now