အပိုင်း(၃၅) zawgyi

3.9K 203 11
                                    

ကျားသစ်နက် နယ်မြေ

ရှိန်းရှိန်းပူနေသော နေမင်းကြီးအောက်ရှိ ကျယ်ပြောလှသော ကွင်းပြင်ကြီးတွင် စစ်ဝတ်စုံအပြည့် ဝတ်ဆင်ထားသော တပ်သားများ
အားလုံး ညီညာစွာထိုင်နေကြသည်။ သူတို့သည် နေမထွက်မှီ နံနက်သုံးနာရီမှစ၍ ယခု နေမွန်းတည့်ချိန်အထိ စစ်ဆင်ရေးများ အကျိတ်အနယ် လေ့ကျင့်ထားရသဖြင့် လွန်စွာ မောဟိုက်နေ၏။ ထို့ကြောင့် ဗိုလ်ကြီး၏အမိန့်နှင့် ခေတ္တနားချိန်ရ
ခြင်းဖြစ်သည်။

ယခုအနေအထားသည် နယ်မြေတွင် အနီရောင်အဆင့် အထူးစစ်ဆင်ရေး အမိန့်ကျချိန်ဖြစ်သည်။ နယ်မြေအတွင်း၌ရှိသော တပ်သားများပါမက ဘယ်လက်ရုန်းနှင့် ညာလက်ရုန်း
ဖြစ်သူနှစ်ဦးပါ ဗိုလ်ကြီးကိုယ်တိုင် ဦးဆောင်သော စစ်ဆင်ရေးကို အပြင်းအထန် လေ့ကျင့်ကြရသည်။

ဗိုလ်ကြီးသည် အားလုံး၏ ရှေ့တွင် မားမားမတ်မတ်ရပ်နေသည်။ နယ်မြေ၏ စစ်ဝတ်စုံဖြစ်သော အဖြူပျောက်ကျား ဘောင်းဘီကိုသာ ဝတ်ထားပြီး၊ ခါးတွင် သူ၏ ရွှေပစ်စတိုတစ်လက်ကို ချိတ်ထားသည်။ နေသည် သူ၏မျက်နှာကိုတည့်တည့်ထိုးနေသဖြင့် ထူတန်းသော မျက်ခုံးနက်နက်များမှာ တွန့်ချိုးနေကြသည်။ အပေါ်ပိုင်းတွင် မည်သည့် ဝတ်စုံကိုမှ မဝတ်ထားဘဲ ဗလာကျင်း အညိုရောင်ရင်အုပ်ကျယ်ကျယ်တွင် ချွေးပေါက်များ ခိုသီကပ်ညိနေလေသည်။

ခဏကြာသော် ရှိန်းက ရေသန့်ဘူးတစ်ဘူးကို
ဗိုလ်ကြီး အတွက် ယူဆောင်လာပေးသည်။ ရှိန်းယူဆောင်လာပေးသော ရေဘူးကို ဗိုလ်ကြီးက
နှုတ်ခမ်းနှင့် ခပ်ခွါခွါ မော့သောက်လိုက်သည်။ သူ၏ လည်စလုတ်မှာ အထက်အောက်သို့
လှုပ်ခတ်သွားပြီး၊ နှုတ်ခမ်းမှ ဖိတ်လျံကျသွားသော ရေများသည် ညို၍အထစ်ထစ်ကျစ်လစ်နေသော ကြွက်သား အမြှောင်းများပေါ်သို့ ရေတံခွန်သဖွယ် စီးကျသွားတော့သည်။

ဗိုလ်ကြီး၏ အပြုံးကင်းမဲ့နေသော မျက်နှာမှာ
နေရောင်အောက်တွင် ကြီးမားသော အရှိန်အဝါများဖြင့် ပြည့်နှက်​နေသည်။ ပါးသိုင်းမွှေးရေးရေးနှင့် အနောက်တိုင်း မျက်နှာပေါက်ဖြစ်သော
ဗိုလ်ကြီးကို ရှေ့တွင်ထိုင်နေသော တပ်သားများက ကြောက်ရွံ့အားကျစွာ ငေးကြည့်နေကြ
သည်။ သူ အမိန့်ပေးရန် ခါးထောက်လိုက်သည်
နှင့်တစ်ပြိုင်နက် ညာလက်ရုန်း Jame က
တိုင်ပင်ခေါ်ပေးတော့သည်။

Luigi's Empire (Ongoing) Where stories live. Discover now