အပိုင်း(၄၇)

4.6K 477 83
                                    

For Unicode

ကျက်စရာစာများကို ထိုင်ကြည့်ကာ စစ်သွေး
ငေါင်နေမိသည်။ ကိုကိုနှင့် ပြန်တွေ့မည်ဟုထင်သော်လည်း စစ်သွေးရှေ့သို့ လုံးဝပေါ်မလာခဲ့ပါ။ ကိုယ့်အပြစ်နှင့်ကိုယ်မို့ လေးငယ်ကိုလည်း
မဂျီရဲ။ သို့သော် အမှုအား နောက်ကွယ်မှ ရှင်းလိုက်ပြီဖြစ်ကြောင်း စစ်သွေးသဘောပေါက်လိုက်သည်။ လူသတ်မှုကား ရထားသံလမ်းတွင်အဆုံးသတ်ကာ လူသတ်သမားအား လေး
ဆယ့်ရှစ်နာရီအတွင်းဖမ်းမိပြီဟုဆို၏။ သတင်းစာတွင် ပါလာသော လုပ်ကြံသတင်းမှာ သူ့အတွက် မထူးစမ်းဘဲဖြစ်နေသည်။ ကိုကို လက်စဖျောက်လိုက်မှန်းလဲ သိသည်။ သို့သော် စစ်သွေးသတ်ပစ်လိုက်ခြင်း မဟုတ်ကြောင်း ကိုကို့အားရှင်းပြချင်သေးသည်။ လူသတ်သမားက မည်သူနဲ့ ဆက်နွယ်နေမှန်းလည်း သူစဉ်းစား၍ပင်မရ။

'လေးငယ်ကို ဖုန်းဆက်ကြည့်ရင်ကောင်းမလား..'

ဆေးလိပ်ကိုမီးညှိကာ သူအကြံထုတ်နေမိ၏။ သို့သော် ဆက်လို့မဖြစ်သေး။ လေးငယ်
သည်ရက်ပိုင်း အန်မတန် အလုပ်ရှုပ်နေသည်။

'ကျစ်...ဘာလုပ်ရမလဲ...."

နှုတ်ဖျားမှ ညည်းညူနေမိရင်း..

"သွေး....."

ရုတ်တရက် အခန်းထဲသို့ အသည်းအသန်ဝင်လာသော သူကြောင့် စစ်သွေး တစ်ကိုယ်လုံး တောင့်ခဲသွား၏။ အသက်ရှူဖို့ပင် မေ့နေမိသည်။

"ကို....ကို"

စစ်သွေးအား စကားပြောခွင့်မပေးပါ။

"အချိန်မရှိဘူး စစ်သွေးထင်..အခု အရေးကြီးတာတွေ ထည့်ပြီး ငါနဲ့ လိုက်ခဲ့တော့"

ရှိန်းပြောနေရင်း စစ်သွေး အဝတ်များကို ဘီဒိုထဲမှ အိတ်ထဲသို့ ပြောင်းထည့်နေသည်။ သူသည် အသည်းအသန်ပင် အလောတကြီး ဖြစ်နေ၏။ သည့်အပြင် ဘီဒိုထဲမှ တစ်ခုခုအားရှာနေဟန်။
စစ်သွေး နားမလည်နိုင်။

"ကိုကို..ဘာဖြစ်နေတာလဲ ဘာဖြစ်နေတာလဲလို့..ကျွန်တော့်ကိုပြောအုံး..ဘာလို့လဲရုတ်တရက်ကြီး"

စစ်သွေး အတင်းအကျပ်မေးတော့မှ ရှိန်း
စစ်သွေးမျက်လုံးများကို သေချာစူးစိုက်ကြည့်ကာ တစ်ခွန်းတည်းဆို၏။

Luigi's Empire (Ongoing) Where stories live. Discover now