အပိုင်း (၂၅)

18.1K 2K 473
                                    

#For Unicode

Luigi ၏ ဘယ်လက်ရုန်းဖြစ်သူသည် ရန်ကုန်မြေအပိုင်စားသော ဂိုဏ်းချုပ်ကို တက်ဖြိုလိုက်ပြီ ဆိုသည့် သတင်းက မြေအောက်လောကတွင် ဟိုးလင်းတစ်ကျော်ကျော် ဖြစ်လျက်ရှိသည်။ ထို့အပြင် အရိပ်နက် ဂိုဏ်းတွင် ကျန်ခဲ့သောလက်အောက်ငယ်သားများက ခေါင်းဆောင်မရှိတော့သည့်အတွက် ထိုဘယ်လက်ရုန်းထံတွင် အညံ့ခံကာ၊ ကျားသစ်နက်ဂိုဏ်းသို့ ဝင်ရောက်သွားသည်ဆိုသော ဖြစ်ရပ်သည် တခြား ဂိုဏ်းငယ်များအတွက် တုန်လှုပ်ဖွယ်ရာ။ အကြီးဆုံး ဂိုဏ်းနှစ်ဂိုဏ်း ပေါင်းစပ်လိုက်ခြင်းက သူတို့အတွက် ဧရာမ ထိတ်လန့်ဖွယ် အိပ်မက်ဆိုးကြီးပင် မဟုတ်လား။

ထင်ထားသည့်အတိုင်းပါပင်။ ဂိုဏ်းငယ်များကယခင်လို ပစ္စည်းများအား လွတ်လပ်စွာ ရောင်းပိုင်ခွင့်မရှိတော့။ တရုတ်တန်း သို့မဟုတ် နိုက်ကလက်များတွင် ဆေးရောင်းဝယ်ပါက ကျားသစ်နယ် နယ်မြေမှ ပစ္စည်းကိုသာ တစ်ဆင့်ပြန်ယူရသည်။

ကျားသစ်နက် ခေါင်းဆောင် လူဝီဂျီသည် အင်မတန် လည်သည်။ လွန်စွာ ပါးနပ်သည်။ သူ့နယ်မြေတွင်သာ သူ အုပ်ချုပ်ပြီး၊ ရန်ကုန်ကဲ့သို့ မြို့ကြီး၊ ပြကြီးတွင်တော့ လူလုံးမထွက်ဘဲ၊ လက်အောက်ငယ် ဂိုဏ်းသားများကို ထိန်းချုပ်ထားကာ ရာခိုင်နှုန်းဖြင့်သာ ငွေကိုသဲ့ယူသည်။ ထို့မှ ရသော ငွေများကိုတော့ သူ့ ကုမ္ပဏီများတွင် ရှယ်ယာပြန်ထည့်ပြီး၊ ငွေမဲမှ ငွေဖြူအဖြစ် လက်တစ်လုံးခြား ပြောင်းလဲပစ်သည်။ ဤနည်းဖြင့် သူသည် မြို့ပြတွင်ပါ နယ်မြေကို တဖြည်းဖြည်း ချဲ့ထွင်လာခဲ့သည်။

ထို့အပြင် အစိုးရကို ပိုင်သည်။ အလားအလာရှိသည့်လူများကို တင်မြှောက်သည်။ ကပ်ဖား၊ရပ်ဖား ကိစ္စများနှင့် လာဘ်ပေးလာဘ်ယူ ကိစ္စများကိုလည်းကျားကွက် ရွေ့သလို၊ ရွေ့နိုင်သော လူကြီးပင်ဖြစ်သည်။ ရွေ့လျားနေသော စက္ကန့်အလိုက် သူ့ ခေါင်းထဲတွင် လိုက်မမှီသော ဉာဏ်နီဉာဏ်နက်များတစ်ခုပြီး
တစ်ခုထွက်နေသလားဟုပင် ထင်မှတ်ရသည်။

သူ့နယ်မြေအား ကိုယ်ပိုင်အုပ်ချုပ်ရေး နယ်မြေအဖြစ် ခေါင်းစဉ်တပ်ပြီး၊ အစိုးရကို လက်နက်ထောက်ပံ့ထားသည့်အတွက် အစိုးရသည် မလှုပ်နိုင်။ ပြည်သူလူထုထံမှလည်း အမြင်ကြည်ခြင်းကို လက်ခံရထားသဖြင့် အစိုးရကပင် ထိန့်လန့်ကာ စောင့်ကြည့်နေရသော လူကြီးပင်ဖြစ်သည်။

Luigi's Empire (Ongoing) Where stories live. Discover now