အပိုင်း(၈)

16.5K 1.7K 308
                                    

#For Unicode

မှောင်ရီသော လမ်းမထက်တွင် ရွှေငါးအဖြူရောင် ကားလေးတစ်စီးသည် တရွေ့ရွေ့မောင်းနှင်နေ၏။ ကားမောင်းသူဟာ စိတ်မောစွာဖြင့် သက်ပြင်းများ တချချဖြစ်နေသည်။ သူ့စိတ်အစဉ်တွင် ပူဆွေးနေမိသလို ခပ်ယဲ့ယဲ့လည်း ပြုံးနေမိသည်။ အမြဲတည်ငြိမ်စွာနေနိုင်ခဲ့သည့် သူသည် ယခုတွင်တော့ မျက်နှာ
မပျက်အောင်ပင် မနည်းကြိုးစားနေရ၏။

"ကျွန်တော် Room xxx ရဲ့ အခန်းခ ရှင်းချင်လို့ပါ"

ဟိုတယ် ဝန်ထမ်းကောင်မလေး၏ ပိုက်ဆံလှမ်းယူသည့် ပုံရိပ်မှာ ရှက်ကိုးရှက်ကန်းလေးဖြစ်နေတော့သည်။ ဆံပင်ကို သပ်ခပ်စွာ လှန်တင်ထားသည့် မျက်နှာချောချောကို ခိုးခိုးကြည့်ရင်း၊ သူ(မ)ပါးပြင်က ပန်းသွေးရောင် ရှက်ပြေးနေ၏။ ဟိုတယ် Vvip ဖြစ်သော ဦးအဂ္ဂမင်းထင်၏ အတွင်းရေးမှူးမှန်း သူ(မ) မသိစရာအကြောင်းမရှိ။

"အား...boss မပြောနဲ့ မန်နေဂျာတောင် ချောလွန်းလို့သေနိုင်တယ်.."

ရှိန်း လှည့်ထွက်လာတော့မှ ခပ်တိုးတိုးအသံကြားလိုက်ရသောကြောင့် ရှိန်း မဆိုသလောက် ပြုံးမိသွားသည်။ သို့သော် ကိုယ့်မှာလဲ ကိုယ့်အပူနှင့် ကိုယ်။ အခန်းရှေ့သို့ ရောက်သောအခါ တံခါးခေါက်ဖို့ လက်တွေ တွန့်ဆုတ်နေမိဆဲ။ လေကို ပြင်းစွာရှုရှိုက်ရင်း အားတင်းရသည်။ boss သေချာအမိန့်ပေးလိုက်သောကြောင့် ရှိန်းမှာ ရွေးချယ်စရာမရှိ။

"ဒေါက်...ဒေါက်.."

အထဲက တံခါးခေါက်သံကို ကြားဟန်မတူ။

"ဒေါက်..ဒေါက်..ဒေါက်"

ရှိန်း နောက်တစ်ကြိမ် ထပ်ခေါက်လိုက်မှ
"လာပြီ"ဆိုသည့် ခပ်ဆတ်ဆတ် အသံလေး
ကြောင့် သူ့နှုတ်ခမ်းတို့ ကွေးညွှတ်သွားသည်ထင်။

"ဘာလို့ အဲလောက်တောင် ကြာနေတာ..."

တံခါးဆွဲဖွင့်ရင်း ခပ်မာမာ မေးလိုက်သော
စစ်သွေးအသံမှာ မျက်စိရှေ့တွင် မြင်လိုက်ရသောသူကြောင့် ရုတ်ချည်း ရပ်တန့်သွားတော့သည်။ သရဲ၊တစေအား မြင်လိုက်ရသည့်နှယ် စစ်သွေးသည် ကျောက်ရုပ်ပမာ ရပ်တန့်နေ၏။ အပေါ်အင်္ကျီဗလာနှင့် တဘတ်တစ်ထည်ကိုသာ ခါးမှာပတ်ထားသည့်အတွက် ရှိန်း ကြမ်းပြင်သို့ အကြည့်ပို့မိသည်မှာ အကြောင်းပြချက်မရှိ။

Luigi's Empire (Ongoing) Where stories live. Discover now