အပိုင်း(၃)

19.7K 1.7K 117
                                    

#For Unicode

ဦးအဂ္ဂသည် ဧည့်ခန်းရှိဆိုဖာ၌ ခြေချိတ်ထိုင်လျက် ကော်ဖီသောက်ရင်း ရှေ့တွင်ထိုင်နေသော တူတော်မောင်ကို စိုက်ကြည့်နေ၏။

"လေးငယ်ကို  reason တစ်ခုခုမပေးချင်ဘူးလား စစ်သွေး"

ကော်ဖီခွက်ကို စားပွဲပေါ်သို့ ပြန်ချပြီး
ပေစောင်းစောင်းထိုင်နေသာ စစ်သွေးထင်ကို
ခပ်တည်တည်ဖြင့် မေးလိုက်ခြင်းဖြစ်သည်။

စစ်သွေးထင်သည် ဦးအဂ္ဂ၏ အစ်မတစ်ဝမ်းကွဲမှ မွေးထားသည့် တစ်ဦးတည်းသော တူလေးဖြစ်သည်။ တစ်မျိုးလုံး၏
ချစ်ခြင်းကိုခံထားရ၍ ဆိုးချင်တိုင်းဆိုးနေ၏။ အားလုံးထဲ အလိုလိုက် ဆုံးက ဦးအဂ္ဂပင်။ ပိုက်ဆံကို ရေလိုပေးသုံးထားတာမို့ ဘာတစ်ခုမှ အပူအပင်မရှိဘဲ ထိန်းမနိုင်၊ သိမ်းမရ ဖြစ်နေ၏။ ယခုလည်း ဆယ်တန်းကို သုံးကြိမ်မြောက်ကျ၍ သူ့အပြစ်က ဦးအဂ္ဂ
ခေါင်းပေါ်သို့ ကျရောက်လာတော့သည်။မတတ်နိုင်သည့်အဆုံး တူတော်မောင် အိမ်သို့သွားကာ တွေ့ရတော့၏။

စစ်သွေး အိမ်ကိုရောက်တာနှင့် အစ်မလုပ်သူ ဆီးကြိုလိုက်သော စကားက 'မင်းတူကို  စာလာသင်သမျှ ဆရာတိုင်းက မသင်နိုင်တော့ဘူး' ပြောပြီး ထွက်သွားကြသည်တဲ့။ စစ်သွေး တစ်ယောက် ဘယ်လောက်တောင် သောင်းကျန်းထားတယ်မသိ။

စစ်သွေးထင် ပုံစံက ကြည့်လိုက်တာနှင့်
ဖြတ်ရိုက်ချင်စရာကောင်းအောင်ပင် မျက်နှာထားက ဂျစ်ကန်ကန်။ ဂုတ်ထောက်နေသော ဆံပင်ရှည်ကို တစ်ဝက်လှန်စည်းထားပြီး၊ နားရွက် တစ်ဖက်မှာလည်း နားကပ်အပြည့်နှင့်။ မျက်ခုံးမွှေးတစ်ဖက်ကို ရှိတ်ထိုးထားကာ ပုံစံက တစ်နေရာမှ ထောင့်မကျိုးပေ။ သူ့ကိုယ်သူ pank ဟုပြောပြီး တစ်ကိုယ်လုံးအနက်တွေချည်းသာ ဝတ်စားလေ့ရှိသည်။ Rich Kid ဖြစ်ပြီး ခပ်ချောချော မျက်နှာထားကြောင့်သာ စော်ကြည်နေတာဖြစ်၏။

"ကျွန်တော် ဆယ်တန်း ပြန်မဖြေချင်ဘူး...
ကားပြိုင်ကွင်းဖွင့်ချင်တယ် အဲတာ လေးငယ် စီစဉ်ပေး"

ဦးအဂ္ဂ မျက်ခုံးနှစ်ဖက် ပင့်တက်သွားသည်။

"ငါ့တူ..လေးငယ်က အမြတ်မရဘဲ...
ဘာ့မှ မလုပ်တာ မင်းသိရဲ့သားနဲ့"

Luigi's Empire (Ongoing) Where stories live. Discover now