အပိုင်း(၃၃)

15.3K 1.6K 313
                                    

#For Unicode

ထက်မြက်တို့အိမ်တွင် မိသားစု လေးယောက်
ဆုံသည့်အခါတိုင်း မနက်ခြောက်နာရီထ၍ ဘုရားဝတ်ပြုလေ့ရှိကြသည်။ မည်မျှပင်
အိပ်ချင်နေကာမူ ဖေကြီး၏ စည်းကမ်းကို
မလွန်ဆန်နိုင်။ ရှေးလူကြီးများ၏အကျင့်က မနက်စောစောမထလျှင် အိမ်ပူတယ်ဟု ဆို၏။ ထို့ကြောင့် ထက်မြက်တို့ ညီအစ်ကို နှစ်ယောက်လုံး အိမ်မှာနေလျှင် မနက်စောစောထရသည်က အကျင့်တစ်ခုလို ဖြစ်သွားကြသည်။ ပြီးလျှင်တော့ အိပ်ချင်သေးလျှင် ပြန်အိပ်ခိုင်းသည်မှာ ဖေကြီး နားလည်ပေးထားသော အကျင့်တစ်ခုပင်။

ဘုရားဝတ်ပြုပြီး ပြန်ဝင်လာတော့ ချစ်ရသူကအိပ်ပျော်နေဆဲ။ ဖက်ခေါင်းအုံးကို မိမိ အမှတ်နှင့် ဖက်ထားသည်မှာ တင်းတင်းကြပ်ကြပ်မို့၊ ထက်မြက် ပါးချိုင့်ရေးရေးလေးများပေါ်အောင်ထိ ပြုံးလိုက်မိသည်။ ထို့နောက် ကုတင်နားသို့ တိုးကပ်သွားရင်း အိပ်ပျော်နေသူကြီးကို ခါးလေးကိုင်း၍ သေချာကြည့်နေမိ၏။

မျက်နှာမမြင်ချင်လောက်အောင် မုန်းခဲ့ဖူးသူကို၊ ယခုလို ချစ်မိသွားလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပါ။ လိင်တူခြင်းစိတ်ဝင်စားဖို့
မပြောနှင့်၊ ဂိုက်လုပ်ပေးခဲ့သော လိင်တူစုံတွဲများကို မြင်ခဲ့စဉ်က ရှက်သလိုလို၊
အသည်းယားသလိုလို ဖြစ်ခဲ့ဘူးသော မိမိသည် ထိုအဖြစ်ကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်လိုက်ရသောအခါ သူ့ဆီက မရုန်းထွက်နိုင်တော့ပါ။

အချစ်သည် ဆန်းကြယ်လွန်းလှပါတကား။
မသိလိုက်ခင်မှာ တံခါးမခေါက်ဘဲနှင့် တည့်တည့်မတ်မတ် ဝင်လာသော စိတ္တဇနမ်လေးကို ဒီလူမှာ မက်မက်မောမောဖြင့်
တမ်းတမ်းတတ။

အချစ်ရေးတွင် ကံမကောင်းခဲ့သူမို့၊ နောက်ဆုံးအကြိမ်အဖြစ် ကံကောင်းချင်မိသည်။ တစ်ချိန်ချိန် ရင်ဆိုင်ရမည့် ဖေကြီးမျက်နှာကို မြင်ယောင်လာချိန်မှာတော့ ထက်မြက် စိတ်မောစွာ သက်ပြင်းရှိုက်မိ၏။

"သက်ပြင်းတစ်ခါချရင် အသက်တစ်ရက်တိုတယ်တဲ့။ အဲသည်အစား ကိုယ့်ကို နမ်းပြီး ချွဲလိုက်ရင် နေခြည် သက်ပြင်းချတဲ့ အကြောင်းအရင်းကို ကိုယ်ဖြေရှင်းပေးနိုင်မယ်ထင်တယ်"

Luigi's Empire (Ongoing) Where stories live. Discover now