အပိုင်း(၂၄)

17.7K 1.9K 428
                                    

#For Unicode

ဒလက်များလည်နေသော ဟယ်ရီကော်ပတာကို ကြည့်ကာ ထက်မြက် စိတ်တွေ လှုပ်ရှားနေသည်။ လူဝီဂျီသည် ထက်မြက်ကို နူးညံ့စွာ ကြည့်ရင်း အတည်ပေါက်ကြီး ပြောနေခြင်းဖြစ်သည်။ မည်သည့်အခါမှ စိတ်ကူးမယဉ်ခဲ့ဖူးသော အခြေအနေမျိုးဖြစ်၍ ထက်မြက်
မယုံနိုင်သေး။

"ကိုယ် မီတင်နောက်ကျတော့မယ် နေခြည်"

ကြောင်ရပ်နေသော ထက်မြက်ကို လူဝီဂျီက သတိပေးလာသည်။ ထက်မြက်
အယောင်ယောင် အမှားမှားဖြင့် လူဝီဂျီ နောက်သို့ လိုက်လာခဲ့ရသည်။ ဟယ်ရီကော် ပတာ၏ လှေကားကို တက်သောအခါ လူဝီဂျီ၏ အင်္ကျီလက်ဖျားလေးကို ထက်မြက်ဆတ်ခနဲ လှမ်းကိုင်လိုက်မိသည်။ ဒလက်လည်နေသဖြင့် လှေကားမှာ တုန်နေသောကြောင့် ထက်မြက် အနည်းငယ်လန့်နေသည်။

ထိုအခါ လူဝီဂျီက မျက်မှောင်ကြီး ကြုတ်ကာ လှည့်ကြည့်လာ၏။ ထက်မြက် မသိချင်ယောင်ဆောင်၍ သူ့ အင်္ကျီစကို လွှတ်လိုက်သောအခါ ဟက်ခနဲ ရယ်သံနှင့် အတူ ထက်မြက် လက်တစ်ဖက်ကို ဖြည်းညင်းစွာ ဆုပ်ကိုင်လာတော့သည်။

"မကြောက်ပါနဲ့ ကိုယ်ရှိတယ်"

လူဝီဂျီက ပါးချိုင့်ရှည်ကြီးနှစ်ဖက် ထင်းနေအောင်ပြုံးပြသည်။ ထက်မြက် သူ့ကို အင်တင်တင် ကြည့်ကာ ခွန်းတုန့်မပြန်တော့။ ဆုပ်ကိုင်ထားသည့် လက်မှာ တင်းကျပ်နေသည့် ကြားမှ၊ ဆူညံသော ဒလက်သံက ထက်မြက် နှလုံးသို့ ရိုက်ခတ်နေ၍ ရင်တွေ
တဒိန်းဒိန်း ခုန်နေသည်။

အပေါ်သို့ ရောက်သောအခါ လူဝီဂျီက သူ့အနားတွင်သာ ထိုင်စေသည်။ လူဝီဂျီ၏ ညာလက်ရုန်း Jame က ထက်မြက်တို့ အနောက်တွင် ထိုင်ရသည်။

"နေခြည် ကိုယ်ပူနေတာလား"

လူဝီဂျီက စိုးရိမ်ပူပန်နေသော မျက်ဝန်းများဖြင့် ထက်မြက် နှဖူးပေါ်သို့ အဖျားလာစမ်း၏။

"ကိုယ့်ဟာကို ဘာဖြစ်ဖြစ်"

ထက်မြက် မြန်ဆန်စွာ သူ့လက်ကို ရိုက်ချပစ်လိုက်သည်။ လူဝီဂျီ မျက်နှာမှာ ပျက်သွားသော်လည်း ဘာတစ်ခွန်းမှ ပြန်မပြော။ အနောက်တွင် ထိုင်နေသော Jame က ထက်မြက်ကို အကြည့်စူးစူးနှင့် စိုက်ကြည့်နေသည်မှာ တော်တော်ကို သည်းခံထားရသည့်နှယ်။

Luigi's Empire (Ongoing) Where stories live. Discover now