အပိုင်း(၁၉) Unicode

16.7K 1.6K 514
                                    

#For Unicode

⛔ cmmt တွေကို မဖတ်ဘဲ သည်အတိုင်း
ဖတ်ဖို့ တောင်းဆိုပါတယ်❤️

"နှိုင်း..ကိုကြီးမရှိတုန်း မေကြီးကို သေချာဂရုစိုက်နော်.."

ထက်မြက် ခရီးမထွက်ခင် ညီဖြစ်သူအား အခန်းထဲသို့ ခေါ်သွင်းပြီး မှာစရာရှိတာမှာရသည်။ နှိုင်းမဲ့သည် ခေါင်းလေး
တဆတ်ဆတ်ညိတ်ပြသော်လည်း လွတ်လပ်ရေး ရတော့မည်မို့ ပျော်နေပုံပင်။ အိမ်မှာ ထက်မြက်မရှိလျှင် မေကြီးက နှိုင်းမဲ့ကို သိပ်အလိုလိုက်သည်။ ထက်မြက်တုန်းက ပြောမရလျှင် ရိုက်ခဲ့သမျှ၊ သူ့ သားငယ်ကျတော့ လက်ဖျားနှင့်တောင်မထိ။ ထိုကြောင့် နှိုင်းမဲ့က နည်းနည်းလေး ဆိုးချင်သည်။

"ကိုကြီးသာ စိတ်ဖြောင့်ဖြောင့် သွားပါ.."

နှိုင်းမဲ့ ညည်းညည်းညူညူပြောရင်း ကုတင်ပေါ်သို့ ပလက်လှန် လှဲချပစ်လိုက်သည်။

"အင်း..ဘာသံညာသံ မကြားချင်ဘူး။ ကျူရှင် ဆရာမ ဖုန်းနံပါတ် ရှိတယ်နော်။ ကိုကြီး အကုန်လှမ်းမေးမှာ။ ဟိုတစ်ခါလို ကျောင်းလစ်ဖို့မစဉ်းစားနဲ့။ ဒီတစ်ခါ ခွင့်မလွှတ်ဘူး ကြားလား.."

"အင်းပါ..ကိုကြီးသာ မြန်မြန်ပြန်လာခဲ့.."

ထက်မြက် အဝတ်အစားတွေ ထည့်နေရင်း နှိုင်းမဲ့ကို လှမ်းကြည့်ကာ ပြုံးမိသွား၏။ အသက် ကိုးနှစ်ကွာသည့် ညီဖြစ်သူက လူပျိုပေါက်ဖြစ်လာပြီမို့ ထက်မြက် အရင်ထက် အရိပ်တကြည့်ကြည့် ပိုကြည့်ရသည်။ သည်အရွယ်က လမ်းမှားရောက်ဖို့ လွယ်သလို၊ အရာရာကို လက်တည့်စမ်းချင်သည့်အရွယ်။ ဒါ့မို့ ရှေ့ဆောင်လမ်းပြအဖြစ် ထက်မြက်အသောက်အစားက အစ ရှောင်သည်။ သို့သော် ရည်းစားသနာ ကိစ္စတွင်တော့ အနည်းငယ် အားနာမိသည် ။

"မေကြီးရဲ့ ဆေးတွေက ဘီဒို အပေါ်ဆင့်မှာ ထည့်ခဲ့တယ်နော် နှိုင်း..ဆေးတိုက်ဖို့ မမေ့နဲ့.."

"သားသိပါတယ်..ကိုကြီးရ"

မသွားခင်အထိ တတွတ်တွတ် မှာနေသော ကိုကြီးကြောင့် နှိုင်း မျက်နှာလေး ဆူပုတ်လာချေပြီ။ ထက်မြက်ကတော့ မိမိသွားရမည့် ခရီးက မည်မျှ ကြာမည် မသိနိုင်တာမို့ မှာ၍မပြီးနိုင်။ ဖေကြီးနှင့် မေကြီးကို စိတ်ချရသည့် ခရီးစဉ်ဟု ပထမဆုံးအကြိမ် လိမ်ပြောခဲ့ရသည်။ အဲဒီအတွက် ထက်မြက် စိတ်ဖိစီးသည်။ သို့သော် မသွား၍လည်းမဖြစ်။ နွေ့ကိစ္စကို ဖြေရှင်းပေးမှဖြစ်မည်မို့ စိတ်ထဲတွေတော့ မိုက်မဲမိသည်အား အကြိမ်ကြိမ် မျက်နှာပူနေမိသည်။

Luigi's Empire (Ongoing) Where stories live. Discover now