အပိုင်း(၃၁)

15.8K 1.7K 495
                                    

#For Unicode

"တစ်ရေးတစ်မော ပြန်အိပ်လိုက်ပါအုံးနေခြည်။အိပ်မက်ဆိုးတွေ ထပ်မမက်အောင် စာဖတ်ပြရမလား။ ဒါမှမဟုတ် ကိုယ် ပွေ့ချီထားပေးရမလား"

လူဝီဂျီသည် အကောင်းပြောနေရင်းမှ အဆုံးသတ်စကားက ကွေ့ကောက်သွား၍
ကုတင်ပေါ်တွင် ထိုင်နေသော ထက်မြက်၏ မျက်နှာလေးမှာ ရှုံ့မဲ့သွားတော့သည်။ သူ့အခန်းထဲသို့ ပထမဆုံးအကြိမ် ရောက်နေ၍ စိတ်လှုပ်ရှားနေသော်လည်း၊ရွှတ်နောက်နောက်နှင့် စလေ့ရှိသာ လူဝီဂျီကြောင့် ထက်မြက် ဘာ့မှမဖြစ်သလို ခပ်တည်တည်ဖြင့် ဟန်ဆောင်ထားရ၏။ တကယ်တမ်းတော့ ထက်မြက် ရင်တွေ အဆမတန် ခုန်နေသည်။

"အဲဒီမကောင်းတဲ့အငွေ့တွေကို ဘယ်ချိန်ထိ ရှူရှိုက်နေအုံးမှာလဲ ဗိုလ်ကြီး လူဝီဂျီ"

မကျေမနပ်အသံလေးနှင့် ခပ်ဆတ်ဆတ် ပြောလေတော့၊ ခပ်လှမ်းလှမ်းမှ ပက်လက်ကုလားထိုင်တွင် လျော့ရဲရဲထိုင်ကာ ဆေးခြောက်သောက်နေသော
လူဝီဂျီ့၏ နှုတ်ခမ်းပါးများက နူးညံ့စွာ ကွေးညွတ်သွားကြသည်။ ထို့နောက် ဆေးခြောက်ငွေ့များကို တစ်ချက်ရှိုက်လိုက်ရင်း၊ ရီဝေသော မျက်ဝန်းများဖြင့် ထက်မြက်ကို အတန်ကြာအောင် ရွှန်းရွှန်းစားစား ငေးစိုက်ကြည့်နေ၏။

"နေခြည် အခုဖြစ်နေတဲ့ပုံစံက ဇနီးသည်က လင်ယောကျာ်းကို မနက်အစောကြီးထပြီး၊
စိတ်ကောက်နေတာနဲ့ တူတယ်"

ထက်မြက် မျက်နှာလေး ဖြန်းခနဲ နီရဲသွားတော့သည်။ ပါးချိုင့်ရှည်ကြီးနှစ်ဖက် ထင်းအောင် ပြုံးရယ်နေသူက သောက်လက်စ ဆေးခြောက်ကို မီးသတ်ပြီးမှ ထက်မြက် အနားသို့ လျှောက်လာခဲ့သည်။ ထို့နောက် ထက်မြက်၏ ဘေးတွင် အသာအယာ ကပ်ထိုင်ရင်း၊ ထက်မြက် ပါးပြင်ကို သူ၏ လက်မဖြင့် ညင်သာစွာ ပွတ်သပ်လာ၏။

"ကိုယ့်ကို စကားနားထောင်စေချင်ရင် ခပ်ချွဲချွဲလေး ပြောကြည့်ပါလား။ ကိုယ်က အသံချိုရင် သိပ်သဘောကျတာ"

ယောကျ်ားဆန်လှသော ကိုယ်သင်းရနံ့က ထက်မြက်နှာခေါင်းနားသို့ တိုးဝှေ့ကျီစယ်လာတော့သည်။ ထက်မြက် သူ့ မျက်ဝန်းတွေကို ခပ်ကြာကြာ စိုက်မကြည့်ရဲသဖြင့်၊ အလိုလို မျက်လွှာချလိုက်မိသည်။ လူဝီဂျီသည် နားလည်ရ ခက်သည့် လူမျိုးဖြစ်သည်။ ကြမ်းတမ်းနေသည့်အခါ လွန်စွာ ​ကြောက်ဖို့ကောင်းပြီး၊ နူးညံ့ချိုသာနေလျှင် ခန့်ညားကာ၊ လူကြီးလူကောင်းကဲ့သို့ အရှိန်အဝါအပြည့်နှင့် အချိန်တိုင်း ရင်ခုန်စရာကောင်းနေပြန်သည်။

Luigi's Empire (Ongoing) Where stories live. Discover now