အပိုင်း(၃၇) part 2

11.7K 1.3K 66
                                    


ဘောစ့်လုပ်သူ၏ ကောက်ကာငင်ကာ ရန်ကုန်
ပြန်မည်ဆိုသော အမိန့်ကြောင့် ရှိန်းချက်ချင်း
အဝတ်အစားလဲကာ လေဆိပ်ဆင်းဖို့ တန်းလုပ်ရသည်။ တည်တင်းနေသော မျက်နှာကြောင့်
အလုပ်ကိစ္စတစ်ခုခုဟုထင်မိသော်လည်း၊
ရန်ကုန်ရောက်မှ နှလုံးသားရေးရာမှန်း သိရသည့်အဖြစ်။

"ကောင်လေးနဲ့ တွေ့မှာကို မင်းက သက်တော်
စောင့် လိုက်လုပ်ချင်သေးလို့လား"

ရှိန်း ချက်ချင်း ခေါင်းခါပြမိသည်။

"ကျွန်တော် ဟိုတယ်မှာပဲ စောင့်နေပါ့မယ် ဘောစ့်။ ဘောစ့် ပြန်မယ်ဆိုတာနဲ့ ကျွန်တော့်ကို ဖုန်းဆက်လိုက်ပါ"

စစ်ဆင်ရေး ကာလဖို့ ဘောစ့်လုပ်သူကို စိတ်မချသော်လည်း ရန်ကုန်မြေက အန္တရာယ်တော့သိပ်မရှိနိုင်ပါ။ ထို့ကြောင့် ဘောစ့်ကို လေဆိပ်မှာပင် ဦးညွတ်ကာ ရှိန်း လှည့်ထွက်ဖို့အလုပ်..

"ဟိုကောင်..ရော့"

မျက်စိရှေ့သို့ ပစ်ပေးလိုက်သော သော့တွဲကို
အလျင်အမြန် ဖမ်းဆုပ်လိုက်ရသည်။

"ကမ္ဘာအေးက တိုက်ခန်းမှာ စစ်သွေးထင်ရှိတယ်။
ခဏ သွားတွေ့ချင်တယ်ဆို သဘော.."

ဘောစ့်သည် ပြောပြီးသည်နှင့် ခပ်တည်တည်ပဲ
ထွက်သွားတော့သည်။ ရှိန်းသာလျှင်
ကြောင်အစွာဖြင့် အတန်ကြာအောင် ရပ်နေမိသည်။  ရင်အတွင်းလှိုက်တက်လာသော ခံစားချက်ကြောင့် မျက်ဝန်းအိမ်တွင် မျက်ရည်ကြည်များ
ဝေ့သီလာသည်။

နာရီကြည့်လိုက်တော့ မနက်သုံးနာရီ ထိုးတော့
မည်။ သည်အချိန်ဆို လူဆိုးကောင်က အိပ်နေလောက်ရောပေါ့။

ရှိန်း သော့လေးကို ကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်ထားရင်း မည်သို့ ဆုံးဖြတ်ရမည်ကို မသိ။

ဖြစ်နိုင်လျှင်တော့ ခဏလောက် တွေ့ချင်သည်။ ခဏလေးပဲ ဖြစ်ဖြစ်ပေါ့။

...........................

ဒုတ်!

အိပ်ရေးပျက်သည့် ညပေါင်းများစွာကြောင့် သည်နေ့တွင် စစ်သွေး ဘယ်လိုမှ တောင့်မခံနိုင်တော့ပါ။ ညဆယ့်တစ်နာရီလောက်မှစ၍
မခံမရက်နိုင် အိပ်ချင်နေမှုကို ကော်ဖီတစ်ခွက်ဖြင့် ထိန်းထားသော်လည်း မနက်သုံးနာရီလောက်
တွင် အရုပ်ကြိုးပျက်။ သင်္ချာတွက်နေရင်း
ထိုင်ခုံနှင့် နှဖူးမိတ်ဆက်သွားပြီး၊ အင်အား
ပျက်လက်နေသော ကောင်လေး၏ မျက်ဝန်းများမှာ အလိုလို မှိတ်ကျသွားခဲ့သည်။

Luigi's Empire (Ongoing) Where stories live. Discover now