အပိုင်း(၄၃)

13.6K 1K 195
                                    

#For Unicode

"အခုချက်ချင်း ဟယ်ရီကော်ပတာ ပြင်ထား"

ညာလက်ရုံး Jame အား အမိန့်ပေးလိုက်သော
လူဝီဂျီ အသံမှာ ပြင်းထန်မာကြောနေသည်။ နိုင်ငံတော်၏ အချို့သော အကြီးအကဲများနှင့် ဆွေးနွေးနေသည့် အရေးကြီး အစည်းအဝေးခန်းထဲမှ အားလုံးကို ဂရုမစိုက်စွာ ထွက်လာခဲ့ခြင်းဖြစ်၏။ သူ့၏မူပိုင် မြွေဟောက်တစ်ကောင်ကဲ့သို့ အဆိပ်ပြင်းနေသော မျက်ဝန်းများမှာ တစ်စုံတစ်ရာအား လွန်စွာ စိုးရိမ်နေသည်မှာ အထင်းသား။

Jame သည် ဗိုလ်ကြီးအား ဦးညွှတ်စွာ အလေးပြု၍ အလောတကြီးဖြစ်နေသော သူ၏ ရှေ့တွင် လျင်မြန်စွာ ပိတ်ရပ်လိုက်သည်။

"ဒီနယ်မြေကနေ ဘယ်မှသွားလို့ မဖြစ်ပါဘူး
ဗိုလ်ကြီး"

လူဝီဂျီ၏ မေးရိုးများမှာ တင်းခနဲဖြစ်သွား၏။

"ငါ့ ရှေ့ကဖယ်စမ်း"

"ကျွန်တော်မဖယ်နိုင်ပါဘူး ဗိုလ်ကြီး။ နယ်မြေ
ပြင်ပကို ထွက်တာနဲ့ ဗိုလ်ကြီး အသက်အန္တရာယ်
ရှိပါတယ်။ အားလုံးက ဗိုလ်ကြီးကို စောင့်ကြည့်နေတဲ့ သူတွေကြီးပါ"

"တောက်!!"

လူဝီဂျီ၏မျက်နှာမှာ ပူလောင်ပြင်းရှနေသော
မီးခဲပမာ နီရဲသွားလေသည်။

"ငါ ကာကွယ်ရမဲ့ သူ အနားသွားခွင့်ရဖို့ သေလမ်းဆိုလဲ ရွေးချယ်ရလိမ့်မယ်။ မင်းကို သတ်မပစ်ခင် ငါ့ရှေ့က အခုချက်ချင်းဖယ်လိုက်"

Jame သည် မဖယ်ဘဲ မှင်သေသေ ဆက်ရပ်နေခဲ့သည်။

"ဟာကွာ ခွပ်!"

ပြင်းထန်သော လက်သီးချက်ကြောင့် Jame
မြေပြင်၌ ပုံလျက်လဲကျသွား၏။ ဘေးတွင်ရှိသော တပ်သားများကလဲ ကြည့်နေရုံအပြင် ဝင်မဆွဲရဲကြ။ လူဝီဂျီသည် Jame ၏ခါးတွင် ချိတ်ထားသော ဆက်သွယ်ရေးဖုန်းကိုယူ၍ ဟယ်ရီကော်ပတာအား ချက်ချင်း ခေါ်ဆောင်လိုက်သည်။ ထိုအချိန်တွင် Jame သည် ဦးညွှတ်နေရာမှ လူဝီဂျီ့ရှေ့တွင် ဒူးထောက်လိုက်ပါ၏။

"ကျွန်တော် ဗိုလ်ကြီးနောက်ကို လိုက်ခဲ့ပါရစေ"

Jame ၏မျက်နှာသို့ စိုက်ကြည့်လာသော
လူဝီဂျီ့ မျက်ဝန်းများမှာ များစွာလေးနက်နေသည်။

Luigi's Empire (Ongoing) Where stories live. Discover now