အပိုင်း(၃၄)

14.6K 1.5K 306
                                    

#For Unicode

"ရှိသမျှ အသည်ဆီက အကုန်ဝယ်ပြီးလှူချင်လား နေခြည်။ ကိုယ်လှည်းနဲ့ ပို့ခိုင်းလိုက်မယ် ဘုရားပေါ်ကို"

တွေ့သမျှ ပန်းရောင်းနေသော ကလေးတွေဆီမှ အကုန်လိုက်ဝယ်နေသော ထက်မြက်ကို ကြည့်၍ လူဝီဂျီက ရုပ်တည်ကြီးနှင့် ကပ်ပြောသည်။ စ နေတာလား၊ အတည်ပြောနေတာလား မသိသူကြောင့်ထက်မြက်မှာ မျက်လုံးလေးပြူး၍ ခေါင်းခါပြရ၏။

ထက်မြက်ဝယ်သော ပန်းတွေအား အကုန်လိုက်ကိုင်ပေးသည့်အတွက် သူ့လက်တစ်ဖက်တွင် ပန်းများဖြင့် ပြည့်​နေပြီ။ ဘေးလူတွေကလည်း ပုဆိုးဝတ်ထားသော နိုင်ငံခြားသားကြီးကို ဆွဲဆောင်
လွန်းနေသည်မို့ အကြည့်မလွှဲနိုင်ကြချေ။ ကလေးမလေးတွေကတော့ ရှက်သလိုလို၊ ကြောက်သလိုလိုဖြင့် မခို့တရို့ကြည့်နေသည်ကို ထက်မြက် ကောင်းစွာ သတိထားမိသည်။ ဘာလို့ အဲသည်လောက်ထိ ကြည့်ကောင်းနေသည်မသိ။

"နောက်ဆို ဘယ်တော့မှ ပုဆိုးမဝတ်နဲ့တော့"

ထက်မြက် လမ်းလျှောက်နေရာမှ ရုတ်တရက်
ရပ်လိုက်ကာ ခပ်ဆတ်ဆတ်လေးပြောလိုက်တော့၊ နားမလည်သည့် မျက်နှာဘေးနှင့်
လူဝီဂျီ လှည့်ကြည့်လာသည်။

"ဘာလို့လဲ "

"ကြည့်မကောင်းလို့လေ.."

ထက်မြက်စကားကြောင့် အထာနက်သွားသော လူဝီဂျီမှာ ဟက်ခနဲ ရယ်၏။ ထို့နောက် ထက်မြက် ဘေးသို့ ပြုံးစစ မျက်နှာဘေးနှင့် ကပ်လာပြီး ခပ်တိုးတိုး ပြောသည်။

"ဆန္ဒရှိရင် ကိုယ့်လက်ကို ချိတ်ထားလို့ ရပါတယ် နေခြည်"

ထက်မြက် သူ့အား စူပုတ်ပုတ်လေး ကြည့်ပေးလိုက်တော့သည်။ အကုန်လုံးက ထက်မြက်အား လူဝီဂျီ၏ သက်ဆိုင်သူဟုမထင်ဘဲ တိုးဂိုက် ကောင်လေးဟုသာ ထင်နေပုံပေါက်၍ ထက်မြက် မကျေနပ် ။ ကျောင်းတက်စဉ်က ကင်းအဖြစ်ရွေးချယ်ခံခဲ့ရသော ထက်မြက်သည်ပင် သူ၏ဘေးသို့ ကပ်လိုက်လျှင် မှေးမှိန်သွားရသည်။ တဖြည်းဖြည်း မျက်မှောင်လေးကုတ်လာသူကိုကြည့်ရင်း လူဝီဂျီ၏ လက်တစ်ဖက်မှာ  ထက်မြက် ပခုံးပေါ်သို့ ပိုင်နက်ကျူးလွန်စွာ ရောက်လာသည်။

Luigi's Empire (Ongoing) Where stories live. Discover now