အပိုင်း(၁၆)

14.3K 1.6K 158
                                    

#For Unicode

ရေပြင်သည် အနည်းငယ်လှုပ်၍လှိုင်းထနေ၏။ ညရှစ်နာရီ ကျော်နေပြီမို့ ကမ်းနားတွင် လူသိပ်မရှိတော့။ ကားနောက်ဖုံးကို
ဖွင့်ကာ သူတို့နှစ်ဦးသည် ကမ်းနားနှင့် မျက်နှာချင်းဆိုင် ထိုင်နေမိကြသည်။ ဖြတ်၍ တိုက်လာသော လေနုအေးသည် သူတို့၏ မျက်နှာကို ဖြည်းညင်းစွာ တိုးဝှေ့ကျီစယ်သွားလေ၏။ ကောင်းကင်ယံရှိ လမင်းကြီးကတော့ ထိန်ထိန်သာလျက်။ ကြယ်လေးတွေလည်း ဟိုစုဝေး၊ သည်စုဝေးနှင့်။

"နည်းနည်းတော့ လွန်တယ်မထင်ဘူးလား.."

ငါးရာတန် ပေါင်မုန့်အား မိုင်လိုနှင့် ပလုတ်ပလောင်း စားနေသူကိုကြည့်ရင်း၊ ဦးအဂ္ဂ စီးကရက်ပြာကို တစ်ချက်တောက်ချလိုက်သည်။ တိုက်ခတ်သောလေကြောင့် ထက်မြက်၏ ဆံပင်လေးတွေသည် ရှုပ်ထွေးကာ ခွေးပေါက်လေးနှင့်ပင် အမှန်တူနေ၏။

"ကျွန်တော့်ကို အတင်းခေါ်တာလာ ခင်ဗျားလေ..ဒါတောင် ဆေးဝယ်တုန်းက ပိုတဲ့ ပိုက်ဆံကို ဘောင်းဘီအိတ်ထဲ ထည့်ထားလို့ စားရတယ်မှတ်..မဟုတ်ရင် အကြွေးက ထပ်တက်နေအုံးမယ်.."

အစားစားနေသော်လည်း ထုံးစံအတိုင်း မကျေမနပ်ပြောဖို့ကို သူမမေ့။ အသက်အရွယ်အရ ဆယ်နှစ်မက ကွာခြားသည်ကို မေ့နေဟန်တူသည်။

"အဂ္ဂမင်းထင်ကို ငါးရာတန်ပေါင်မုန့်နဲ့ ဧည့်ခံတာ မင်း ပထမဆုံးပဲ..."

ထက်မြက် မထိန်းနိုင်စွာ ခွီးခနဲ ရယ်တော့၏။
ဟုတ်လဲဟုတ်သည်။ သူ့ဘေးက လူကြီးသည်
သူဌေးတောင် ရိုးရိုးမဟုတ်။ ခရိုနီ အဆင့်။

"ဒါဆို ခင်ဗျား ကျွန်တော့်ကို ကျေးဇူးတင်လိုက်တော့...အခု ထူးခြားသွားပြီမလား..ပြီးတော့ ဒီပေါင်မုန့်ရဲ့ တန်ဖိုးက အဓိကမဟုတ်ဘူးလေ..ဒီပေါင်မုန့်ကို ဘယ်နေရာမှာ၊ ဘယ်သူနဲ့ စားခဲ့တယ်ဆိုတာ အဓိက..အယ်"

စကားဆုံးခါနီးမှ ထက်မြက် မိမိကောင်မလေးနှင့် မှားပြောလိုက်မိမှန်း သတိရ၍ ပြောလက်စအသံလေးမှာ တိခနဲ။ ဦးအဂ္ဂသည် ဆက်ပြောဆိုလေဆိုသည့် မျက်နှာဘေးနှင့် မျက်ခုံးတစ်ချက်ပင့်ပြသည်။

"Sorry..မှားပြောတာ"

သူမဟုတ်သလို ခပ်တည်တည်နှင့် ပေါင်မုန့်ဆက်စားနေသူကို ဦးအဂ္ဂ မျက်လုံးတွေ မှေးကျဉ်းကာ စိုက်ကြည့်နေ၏။ ဟိုငမွှေထိုးကောင်၏ အသက်ကို ကူညီလိုက်သော်လည်း ကျေးဇူးတင်ကြောင်း တစ်ခွန်းမှ ဖွင့်ဟ မလာသည့်ကောင်လေး။ ကိုယ့်လိုလူကို
သည်အကြောင်းပြချက်နှင့် ရင်းနှီးမှုယူရကောင်းမှန်း နားမလည်။

Luigi's Empire (Ongoing) Where stories live. Discover now