အပိုင်း(၅၁)

3.2K 403 91
                                    

#For Unicode

လမ်းကြောင်းရှင်းလား လမ်းကြောင်းရှင်းလား"

ထောင်ပြောင်းမှုနှင့် ပတ်သက်၍ ရဲများစွာရှုပ်ထွေးနေတော့သည်။ ဝေါ်ကီတော်ကီအချင်းချင်းဆက်သွယ်ကာ လမ်းကြောင်းများကို ရှင်းထုတ်နေကြ၏။ လမ်းလေးစုံရှိသော မီးပွိုင့်များအားလုံးကိုနီထားကာ ပြည့်သူ့ကားများအားလုံးရပ်ထားရသည်။ ပလိတ်များက vip ကြောင်းဖြစ်သည့်အတွက် ပျာယာခတ်နေကြသည်။

အမှန်တော့ သမ္မတ လာသည်လည်းမဟုတ်။ လူကြီးလမ်းကြောင်းတစ်ခုလည်းမဟုတ်။ အပြစ်သား မူးရစ်ရာဇာကို ထောင်ပြောင်းသည့် ကိစ္စပင်။ ကားထဲတွင် ရှိနေသော ဘိန်းဘုရင်ကြီးကတော့ ခြေကို ချိတ်လျက်ထိုင်၍ လက်ထိပ်ခတ်ထားသည့် တိုင်အောင် အေးအေးလူလူ ဆေးလိပ်ခဲနေသေးသည်။ တစ်လောကလုံးက ပျာယာခတ်နေသော်လည်း သူ၏ မူက မပြောင်းပါ။ ဂရုမစိုက်သည့် မျက်နှာဘေးက မာထန်၍ ပြတ်သားနေတော့၏။ လပေါင်းများစွာ ထောင်ထဲတွင် ဖြစါသည့်အတွက် အီတလီစပ်ဖြစ်သော မျက်နှာပေါက်တွင် ပါးသိုင်းမွှေးများပင် ထွက်လုနေပြီဖြစ်သည်။ သို့သော် တောက်နေသော မျက်ဝန်းရောင် များနှင့် မန်အပြည့် ဥပတိရုပ်မှာ မယုတ်လျော့သွားပါ။

ဆေးလိပ်ခဲနေရင်း သူ၏ လက်ညိုးတစ်ချောင်းကိုသာ ပေါင်ပေါ်သို့ တစ်တောက်တောက် ခေါက်နေသည်မှာ အတွေးများနေသည့်ပုံပင်။ မျက်ဝန်းများက ကားမောင်းနေသည့် ရဲ
လက်တွင် ပတ်ထားသော နာရီကို အကြည့်မပြတ်။

ပါးစပ်မှ စက္ကန့်တံ၏ ပြောင်းရွေ့မှုကို လိုက်၍ တစ်စက္ကန့် နှစ်စက္ကန့် ဟူ၍ လိုက်ရွတ်နေသေးသည်။ ခဏကြာသော် ကားတန်းသည် လူပြတ်သော နေရာတစ်ခုသို့ ချိုးကွေ့ဝင်သွား၏။
တစ်လမ်းပြီးတစ်လမ်း ရှုပ်ထွေးသော လမ်းများကို ဦးတည်မောင်းနှင်နေတော့သည်။ တဖြည်းဖြည်း မူမမှန်သောလမ်းကြောင်း၏ပြောင်းလဲမှုကို လူဝီဂျီ ချက်ချင်း သတိထားလိုက်မိချိန်မှာပင် ကားသည် ဘရိတ်ကို စောင့်အုပ်ပစ်လိုက်သည်။

ရွှီ..............

ထိုအချိန်မှာပင် ဆူညံသော ဝီစီမှုတ်သံကို ကြားလိုက်ရသည်။ လူဝီဂျီမျက်မှောင်ကြုံသွားသည်။ ရှေ့ကားမှ နောက်ဖင်ကို တိုက်မိသွားကာ
ဝုန်းခနဲ အသံထွက်လာသည်။

Luigi's Empire (Ongoing) Where stories live. Discover now