RVTIACF chapter-(31)

2.9K 412 10
                                    

CHAPTER-(31)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

နောက်တစ်ရက်မှာ နောက်တစ်တန်း။ အင်္ဂလိပ်ဆရာမ အတန်းစလိုက်တာနဲ့ ချူရှောင်းဂရုတစိုက်နားထောင်ပြီး သူမကိုယ်သူမသင်ခန်းစာထဲမှာ နှစ်မြုပ်ထားလိုက်တော့သည်။

ဆရာမက ကျန်တဲ့အတန်းအတွက် စာသင်ဆောင်ကိုကြေညာတဲ့အခါ ချူရှောင်းသူမကို တည့်တည့်ဘုကြည့်ကြည့်နေတဲ့ အကြည့်နှစ်ခုကို ခံစားလိုက်ရမိသည်နှင့် နောက်ကိုလှည့်ကြည့်တော့ သူမကိုဆက်ကြည့်နေပြီး တိတ်တဆိတ်စကားပြောနေတဲ့ နောက်ဆုံးတန်းက ယိချန်နဲ့ပိုင်ရွယ်ဝေ့ကို သတိပြုမိသွားသည်။

ပိုင်ရွယ်ဝေ့မျက်လွှာချထားချိန်မှာ ယိချန်မျက်နှာထက်မှာတော့ သတိပေးသလို မျက်မှောင်ကျုံ့ထား၏။ ချူရှောင်းအတန်းကိုပတ်ကြည့်နေရင်း ထောင့်မှာထိုင်နေတဲ့ယိချန်ရဲ့ ရှာဖွေလိုတဲ့ အရိပ်အယောင်ကို ဖမ်းမိလိုက်သည်။

သူတို့အကြည့်ချင်းဆုံသွားသည်နှင့် သူမခေါင်းကို အမြန်ငုံ့လိုက်သည်။ ဘယ်လိုဘဲဖြစ်ဖြစ် သူမကို ရန်စချင်နေတာမှ မဟုတ်ဘဲ။

ချူရှောင်းသူမနောက်မှာ ဖြစ်ပျက်နေတဲ့အရာတွေကို လစ်လျူရှုလိုက်ပြီး သူမနားမလည်တဲ့မေးခွန်းတစ်ချို့ကိုသာ ဆရာမကိုဆက်ရှင်းခိုင်းလိုက်သည်။

နောက်ကနေ ချူရှောင်းကို ကြည့်နေတဲ့ယိချန်လည်း သူမကိုနားမလည်နိုင်တော့။
သူမဘယ်တုန်းက ကြိုးကြိုးစားစားနဲ့ စာလုပ်တဲ့သူ ဖြစ်သွားတာလဲ? တက္ကသိုလ်ပြီးရင် သူတို့နှစ်ယောက်လုံး မိဘတွေရဲ့အလုပ်မှာဝင်လုပ်ပြီး တစ်နေ့ကျ မိသားစုစီးပွားရေးကို ဆက်ဆံရမည်သာ။ အရွယ်ရောက်လာတဲ့အခါ သူတို့လမ်းကြောင်းကို ပုံသေသတ်မှတ်ထားပြီး ဖြစ်သည်။

နောက်ပြီး တက္ကသိုလ်မှာလေးနှစ်သင်နေတာထက် မိသားစုလုပ်ငန်းမှာ နှစ်ဝက်လောက်ဝင်လုပ်လိုက်တာက ပိုပြီးသင်ယူနိုင်သည်။ ဒါကြောင့် အလုပ်မဝင်ခင် နောက်ဆုံးနားချိန်လေးအနေနဲ့ တက္ကသိုလ်ဘဝကို ပျော်ပျော်ကြီးနေမယ်လို့ သူတို့တွေပြောခဲ့တာမလား?

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now