RVTIACF Chapter-(32)

3.4K 436 13
                                    

CHAPTER-(32)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

"ချုရှောင်း ခဏလောက် စကားပြောလို့ ရမလား? မနေ့ကအတန်းထဲမှာညဖြစ်သွားတဲ့ကိစ္စက လူအများကြီးကို ဒုက္ခပေးတယ်။ သတင်းတွေက ငါ့အမေဆီ ပြန့်သွားရုံတင်မကဘူး၊ ကျောင်းကဝေဝေရဲ့ပုံရိပ်ကိုလည်း ညှိုးနွမ်းတယ်။ အရင်အချိန်တွေ ထောက်ထားပြီးတော့ ကျောင်းမှာသူမကို ပစ်မှတ်ထားနေတာ ရပ်ပေးပါလား?"

သူမကားကို မှီထားရင်း ချူရှောင်းပြန်ပက်၏။

"ယိချန် ရှင်ဘယ်လောက်တောင် မာနကြီးတဲ့ယောက်ျားမှန်း လူတွေမပြောကြဘူးလား? ကမ္ဘာကြီးတစ်ခုလုံး ရှင့်ကိုဗဟိုပြုပြီး လည်ပတ်နေတယ်....အရာရာတိုင်းက ရှင်နဲ့ဆက်စပ်နေတယ်လို့များ ထင်နေရော့လား?

အကြံတစ်ခုတော့ ပေးလိုက်မယ်။ ရှင့်ရဲ့ပူဖောင်းလေးထဲကနေ လက်တွေ့ဆီကို ခြေလှမ်းလာတာနဲ့ ကျွန်မအမြင်မှာ ရှင်ဘယ်လောက်တောင် အရေးမပါလဲ နားလည်သွားလိမ့်မယ်။ ဒါကြောင့် နှောင့်ယှက်တာရပ်ပါတော့။ ရှင်တို့နှစ်ယောက်အကြောင်းတွေအကုန် မေ့ပစ်ချင်နေတာ။ ကျွန်မကို ဆက်ဒုက္ခပေးနေရင်လည်း...ဘာပဲဖြစ်ဖြစ် ရှင့်ကစားပွဲမှာ ကစားပေးရတာ စိတ်မရှိပါဘူး။

ချူမိသားစုသာ လေလံကိုဆွဲလုဖို့ ဆုံးဖြတ်လိုက်တယ် ဆိုပါတော့...နောက်
ဘာဆက်ဖြစ်မယ်ထင်လဲ? ဒါကြောင့် ကျွန်မစကားတွေ ရှင့်စိတ်ထဲရောက်ဖို့သာ အချိန်နည်းနည်းယူပြီး အခုကစ ကျွန်မနဲ့ ဝေးဝေးနေပါ။ ဒါနောက်ဆုံးအကြိမ် သတိပေးတာနော်"

သူမ နေကာမျက်မှန်ကိုတပ်ကာ ချုရှောင်းတစ်ယောက် အမြန်စက်နှိုးပြီး ချက်ချင်းအဝေးကို မောင်းထွက်သွားတော့သည်။

ယိချန်မှာ ပြောစရာတွေထပ်ရှိသေးပေမယ့် သာသာလေးလည်ချောင်းထဲ ပြန်မျိုချပြီး အနီးကကားတာရာကို ဒေါသထွက်စွာ ကန်ပစ်လိုက်သည်။ သူတို့ဆက်ဆံရေးက ဘယ်တုန်းက ဒီလိုဖြစ်သွားတာလဲ....သူမကို စကားတစ်လုံးမှာ မပြောနိုင်တဲ့အထိလေ? နောက်ပြီး သူ့ကိုကုမ္ပဏီကိစ္စတွေနဲ့ ခြိမ်းခြောက်ပြီး သတိပေးသွားသေးတယ်။ အရွယ်ရောက်ပြီးသားကို အကူအညီတောင်းတာနဲ့ သူမရဲ့လုပ်ရပ်က ဘာကွာသွားတာလဲ? သူမရဲ့ အသက်အရွယ်နဲ့ အရမ်းကိုမရင့်ကျက်ဘဲ ပြုမှုနေတာမဟုတ်လား?

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now